APM ၊ ဧပြီ ၈ / ၂၀၂၃
ရက္ခိုင်ရိုးမတောင်တန်းဟိ တောင်ကုတ် နီပူတောင်မှ မာဘယ်လ်အလှဆင်ကျောက် ထုတ်လုပ်ရီးစီမံကိန်းကို ပြန်လည် စတင်နိုင်ရန် စစ်ကောင်စီမှ ဒေဂုရက်ပိုင်းအတွင်းပြင်ဆင်မှုများတိုးမြှင့်လုပ်ဆောင်လာနီကြောင်း ဒေသခံများက ပြောသည်။
လက်ဟိတွင် အလှဆင်ကျောက်ထုတ်လုပ်ရီးဧရိယာကို စစ်ကောင်စီက တားမြစ်နယ်မြီအဖြစ်ဆိုင်းဘုတ်များ စိုက်ထူလိုက် ပြီး ဒေသခံတောင်သူများကိုလေ့ ၎င်းဧရိယာကိုဖြတ်သန်းမည်ဆိုပါက သတ္တုဝန်ကြီးလက်မှတ်ပါမှ ဝင်ရမည်ဟု ဆိုထား သည်။
၂၀၁၈ ခုနှစ်ကပင် ရပ်တန့်ထားခသောနီပူတောင်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ ၂၀၂၂ ခုနှစ် နိုဗမ် ဘာလ၌ စစ်ကောင်စီသယံဇာတနန့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရီးဝန်ကြီးဌာနမှကိုယ်စားလှယ် ၄ ဦးနန့် ဗီယက်နမ်ကုမ္ပဏီမှ တာဝန်ဟိသူများပါဝင်သည့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီတရပ်ကို ဖွဲ့စည်းခကတ်သည်။
အဆိုပါနီပူတောင်စီမံကိန်းမှာ၂၀၁၀ခုနှစ်ကဗီယက်နမ်ဝန် ကြီးချုပ်ချစ်ကြည်ရီးခရီးစဥ်အတွင်း ဗီယက်နမ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရီး သဘောတူညီချက်ဖြင့် SIMCO Song Joint Stock Company နန့်ပူးပေါင်းကာ စီမံကိန်းကိုစတင်ခခြင်း ဖြစ်သည်။
စီမံကိန်းစာချုပ်သက်တမ်းမှာ ၂၀၁၂ မှစ၍ ၂၀၃၂ အထိ နှစ်ပေါင်း ၂၀ ခန့်ဖြစ်ပြီး နီပူတောင်မှ တနှစ်လျှင် မာဘယ်လ် အလှ ဆင်ကျောက် မက်ထရစ်တန်ချိန် ၇၈၅၀ ခန့်ထုတ်ယူမည်ဖြစ်ကာ ၂၀၁၄ မှ ၂၀၁၈ အတွင်းမှာ ဘယ်ကျောက် ထုတ်ယူမှုမှာ ၈၆၅၆ ဒသမ ၉၄၇ မက်ထရစ်တန်ချိန် ဖြစ်သည်။
အဆိုပါစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမဟိ၊ သဘာဝပတ် ဝန်းကျင်ထိခိုက်နိုင်ပြီး၊ ဒေသခံများ အကျိုးစီးပွားလုံးဝ
မဟိသဖြင့် CSO များအပါအဝင် ဒေသခံရက္ခိုင်ပြည်သူများက စီမံကိန်းအား ကန်ကွက်ဆန္ဒပြခကတ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ခသည့် နီပူတောင်စီမံကိန်းသည် ထုတ်လုပ်ရာ၌ လျှပ်စစ်မီး မရဘဲ ဓာတ်အားပီးစက်သုံးနီရခြင်း၊ ပြည်ပသို့ပို့ရန် သယ်ယူပို့ဆောင်ရာတွင် အထွေထွေကုန်ကျစရိတ်၊ ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဧပြီလတွင်စီမံကိန်းကို ရပ်တန့် ထားရာမှ စစ်ကောင်စီ လက် ထက် လုပ်ငန်းပြန်စဖို့ အဂုပိုင်ပြင်ဆင်လာခြင်း ဖြစ်သည်။