
APM ၊ ဧပြီ ၈ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ၌ ဒေါ်လာလဲလှယ်ရာတွင် ဘဏ်များမှ ရောင်းချရန် အခက်အခဲဟိသဖြင့် ဘင်္ဂလားဒေ့ချ် ကုန်သည် များက ကုန်စည်မှာယူမှု နည်းပါးလာခြင်းကြောင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရီးမှာ အယင်ကထက် ကျဆင်းလာနီကြောင်း ရက္ခိုင်ကုန်သည်များက ဆိုသည်။
ယင်းသို့ကုန်စည်မှာယူမှုနည်းပါးလာခြင်းမှာ ကုန်ပစ္စည်း တင်ပို့ရာတွင် အယင်က တလကို ကားအစီး ၆၀ထိ တင်ပို့ နိုင်ခ ကေလေ့ ကုန်ခသည့်မာ့ချ်လ မှစ၍ အစီး ၂၀ ခန့်ရာ တင်ပို့နိုင်ကြောင်း သိရသည်။
ယင်းကြောင့် ရက္ခိုင်ပြည် မောင်တောနယ်စပ် ကုန်သွယ်ရီးစခန်းမှ ဂျန်နဝါရီလအတွင်း ကုန်စည် တန်ချိန် ၁,၀၀၀ ကျော်၊ ငွေ ပမာဏ ဒေါ်လာ ၂ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခကေလေ့ မာ့ချ်လတွင် ကုစည် တန်ချိန် ၂၀၀ ကျော်ခန့် ရာ တင်ပို့နိုင်သည် ဟု ဆိုသည်။
ယင်းအပြင်တင်ပို့မှုရငွေ၏ ၆၅ ရာခိုင်နှုန်းကိုမြန်မာပြည် ဗဟိုဘဏ် သတ်မှတ်နှုန်းအတိုင်း လဲလှယ်ကတ်ရမည်ဟု ကန့်သတ် ထားသဖြင့် ကုန်သည်များ အနီနန့် အကျိုး အမြတ်နည်းလာကာ ကုန်များကို စျီးတင်ပြီး ရောင်းမည် ဆိုပါကလေ့ တဖက် နိုင်ငံမှ ဝယ်ယူမည် မဟုတ်၍ ကုန်ပစ္စည်းများ တင်ပို့ခြင်းကို ရပ်တန့်ထားရသည့် ကုန်သည်များလေ့ ဟိလာသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံ၌ ဒေါ်လာလဲလှယ်မှုအခက် အခဲများထပ်ကြာနီမည်ဆိုပါက ရက္ခိုင် – ဘင်္ဂလားဒေ့ချ် ကုန်သွယ် ရီးမှာ လက်ဟိထက် ပို၍ကျဆင်းလာနိုင်သည်ဟု ရက္ခိုင်ကုန်သည်များအကြား သုံးသပ်ပြောဆိုလျက်ဟိသည်။
