APM ၊ ဧပြီ ၈ / ၂၀၂၃
ဂျပန်နိုင်ငံအနောက်ပိုင်း အိုကီနာဝါကျွန်းစုအနား၌ သိမ်းငှက်နက် (Black Hawk) အမည်ဟိ ဂျပန်စစ်ရဟတ် ယာဉ်တစင်း ပျက်ကျ ခရာတွင် လီယာဉ်အတွင်းပါလာသည့် အမှုထမ်းများအားလုံးပျောက်ဆုံးနီတုန်းဖြစ်ကြောင်း ဂျပန်အစိုးရ တာဝန် ဟိသူများက ဧပြီ ၇ ရက်နိတွင် သတင်းထုတ်ပြန်သည်။
ဂျပန်ကာကွယ်ရီးဝန်ကြီး ယာဆူကာဇူဟာမာဒါက ရှာဖွီကယ်ဆယ်ရီးလုပ်ငန်းများကို ကြိုးစားလုပ်ဆောင်နီပြီး လီယာဉ် ပျက်ကျမှု အတွင်း ပျောက်ဆုံးနီသည့် လီယာဉ်အမှုထမ်းများကို တဦးမျှ မတွိသိမ့်ကြောင်း သတင်းထောက်များအား ပြောကြားသည်။
အမှုထမ်း ၁၀ ဦး လိုက်ပါစီးနင်းလာသည့် အဆိုပါလီယာဉ်သည် ပင်လယ်ရီပြင်ပေါ် ပျက်ကျခခြင်းဖြစ်ပြီး ကယ်ဆယ်ရီး အဖွဲ့က မသုံးရသိမ့်သည့် အသက်ကယ်လှီတစီး၊ တံခါးရွက်တခုနန့် ရဟတ်ယာဉ်မှ အပိုင်းတစတချို့ကိုသာ ရှာတွိထား ခြင်းဖြစ်သည်။
အဆိုပါရဟတ်ယာဉ်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကူမာမိုတိုဒေသ၊ စစ်အခြီစိုက်စခန်းတွင် သယ်ယူပို့ဆောင်ရီးအတွက် အဓိက သုံးပြီး ပြီးခသည့် ဧပြီ ၆ ရက်နိက ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းများ၌ ကင်းထောက်ခြင်းများ ပြုလုပ်နီစဉ် ပျောက်ဆုံးလား ခြင်း ဖြစ်ကြောင်း ကြည်းကြောင်းဆိုင်ရာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရီးတပ်ဖွဲ့(GSDF) အကြီးအကဲ ယာဆူနိုရီမိုရီရှိတာက ပြောကြားသည်။
လက်ဟိတွင် ထိုင်ဝမ်အနားနန့် ဒေသတွင်း၌ တရုတ်၏ အခိုင်အမာ စစ်ရီးလှုပ်ယှားမှုကို တုံ့ပြန်သည့်အနီနန့် ဂျပန်သည် ၎င်း၏ အနောက်တောင်ပိုင်း ကျွန်းစုများတွင် ကာကွယ်ရီး စွမ်းရည်ကို အပြင်းအထန်တည်ဆောက်နီကြောင်း သိဟိရသည်။
Source – Debris found in search for Japanse army copter with 10 crew
Photo – AP