
APM ၊ ဧပြီ ၇ / ၂၀၂၃
ထိုင်ဝမ်၏ လက်ဟိသမ္မတ စိုင်အင်ဝန်နန့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက္ကာသီရို့တွိဆုံခပြီး နောက် တင်းမာမှုမြင့်မားလာချိန် “ထိုင်ဝမ်၏အနာဂတ် မှာ ငြိမ်းချမ်းရီးနန့်စစ်ပွဲ နှစ်ခုအနက် တခုကို ရွီးချယ်ရတော့ မည်”ဟု ထိုင်ဝမ်သမ္မတဟောင်း မာယင်ဂျိုက ဒေနိ ဧပြီ ၇ ရက်နိ၌ ပြောကြားလိုက်သည်။
ထိုင်ဝမ်သမ္မတဟောင်းအနီနန့် ၁၂ ရက်ကြာ လားရောက်ခသည့် တရုတ်ပြည်ခရီးစဉ်မှ အပြန် တိုင်ပေလီဆိပ်သို့ အရောက်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တရုတ်ဖက်က သတိပီးနီသည့်ကြားကထိုင်ဝမ်သမ္မတနန့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ရို့၏ လုပ်ရပ်ကြောင့် တရုတ်စစ်တပ်၏ ပြန်လည်တုံ့ပြန်မှုနန့် ရင်ဆိုင်နီရပြီးလက်ဟိထိုင်ဝမ်အစိုးရသည် ထိုင်ဝမ်ကို အန္တရာယ် တွင်းထဲသို့ ဆွဲခေါ်နီကြောင်း မာယင်ဂျိုက ဆိုသည်။
ယင်းအပြင် ထိုင်ဝမ်သည် တရုတ်နိုင်ငံ နန့် အမြင်ချင်းတူသော နိုင်ငံရီးစနစ်များကို အတူတကွကျင့်သုံးခြင်းကရာ ထိုင်ဝမ် ပြည်သူ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မည်ဟု သမ္မတဟောင်းက အကြံပြုထာသည်။
တရုတ်စစ်တပ်သည် ဧပြီ ၆ ရက်နိမှစ၍ထိုင်ဝမ်ကျွန်းတဝိုက်စစ်သင်္ဘောများနန့်တိုက်လီယာဉ်များကို ဆက်တိုက် စီလွှတ်နီကြောင်းသိရသည်။
Source – South China Morning Post
Photo – Reuters
