
APM ၊ ဧပြီ ၇ / ၂၀၂၃
မင်းပြားမြို့တွင် ယဉ်ကျေးမှုအစဉ်လာအရ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နီကျဖြစ်သည့် ကျိန်းတောင်ဘုရား ဗုဒ္ဓပူဇနိယပွဲ ၊ မြို့လုံးကျွတ်နံ့သာသွီးပြိုင်ပွဲ နန့် ဘုရားရီသပ္ပါယ်ပွဲကို ဒေနှစ်တွင်လေ့ အစဉ်အလာမပျက် ဆက်လက်ကျင်းပပြုလုပ်လား မည်ဖြစ်ကြောင်း သိရသည်။
နံ့သာသွီးပြိုင်ပွဲကို ဧပြီ ၁၂ ရက်နိ ညဇာ ၅ နာရီတွင် မင်းပြားမြို့ နှစ်(၁၅၀)ပြည့် စေတီတော်ရင်ပြင်၌ ရက္ခိုင်ရိုးရာယဉ်ကျေး မှုအဖွဲ့မှ ဦးဆောင်ကာ အဆိုအကအတီးများဖြင့် ကျင်းပပြုလုပ်မည်ဟု ဆိုသည်။
ယင်းနောက် ဧပြီ ၁၃ ရက်နိ ညဇာ ၃ နာရီတွင် နှစ် (၁၅၀)ပြည့် စေတီတော်ရင်ပြင်တွင် နံသာသွီးပြိုင်ပွဲဝင် အသင်းများ၊ ရိုးရာအကအဖွဲ့များ လူမှုရီး၊ ဘာသာရီးအသင်းအဖွဲ့များ နန့် စိတ်ပါဝင်စားသည့် ဗုဒ္ဓဘာသာဝင်များအားလုံး စုရုံးကာ ကျိန်းတောင်ဇိဝှါဘုရားသို့ တက်ရောက်ပြီး ဘုရားရီသပ္ပါယ်ပူဇော်ပွဲ ကျင်းပမည်ဟု သိရသည်။
ကျိန်းတောင်ဇိဝှါဓါတ်တော် ရင်ပြင်တော်ဟိ ဓမ္မာရုံကြီး၌ ဧပြီ ၁၄ ရက်နိတွင် မိုးထ ၇ နာရီမှဧပြီ ၁၅ ရက်နိ မိုးထ ၆ နာရီအထိသံဃာတော် ၁၅ ပါးကို ပင့်ဖိတ်ကာ ပရိတ် ပဌာန်းတော်များ ရွတ်ဖတ်ပူဇော်လားမည်ဟု ဆိုသည်။
ဘုရားဖူးသူများအနီနန့်လေ့ ဧပြီ ၁၅၊ ၁၆၊ ၁၇ ရက်များတွင် ကျိန်းတောင်ဇိဝှါဓါတ်တော်နန့် ဘုရားများကို မိုးထ ၆ နာရီမှ ညဇာ ၆ နာရီထိ ဘုရားဖူးရန် တက်ရောက်နိုင်သည် ဟု သိရသည်။
မင်းပြားကျိန်းတောင် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်နှစ်တိုင်း ရိုးရာအစဉ်လာမပျက် ကျင်းပလာခြင်းဖြစ်ပြီး ၂၀၁၉ ၊၂၀၂၀ ခုနှစ်က နိုင်ငံရီးအခြေအနေကြောင့် ပွဲကို အကျဉ်းရာ ကျင်းပနိုင်ခကေလေ့ အဂုနှစ်များတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပ vcလာနိုင်သည်။
ကျိန်းတောင် ဇိဝှါဓါတ်သည် ရက္ခိုင်ပြည်ဟိ ထင်ရှားသည့် စေတီပုထိုးတခုဖြစ်ပြီး ဘုရားသျှင်၏ လျှာရင်းတော် ဓါတ်အား ဌာပနာပြုကာ ဘုရင်သူရိယစက္ကမင်းက ကျိန်းတောင်တန်းဟိ ကာကာဂီရိတောင်ထိပ် ပေါ်တွင် တည်ထားကိုးကွယ်ခခြင်း ဖြစ်ကြောင်း သိရသည်။
