ရမ်းဗြဲမြို့က ရန်သူ့လက်ကျန်နန့် စစ်ကူတချို့ကို ဆက်လို့ ခြီမှုန်းတိုက်ခိုက်နီရေလို့ ရက္ခိုင့်တပ်တော် ထုတ်ပြန်
APM၊ မာ့ချ် ၇/၂၀၂၄
ရက္ခိုင့်တပ်တော်အနီနန့် အပြီးသတ်သိမ်းပိုက်ရယူဖို့ သတ်မှတ်ထားရေစစ်ရီးပစ်မှတ်တိကို တခုပြီးတခု ခြီမှုန်းတိုက် ခိုက်လျက်ဟိရာ ရသေ့တောင်၊ ဘူးသီးတောင် နန့် မောင်တောမြို့နယ်တိက ရန်သူ့လက်ကျန်စခန်းတချို့ကို အယင်ရက်တိနည်းတူ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နီရေလို့ မာ့ချ် ၇ ရက်နိမာ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါရေ။
အထူးသဖြင့်ရန်သူစစ်ကောင်စီစွာ ရသေ့တောင်အခြီစိုက်တပ်ရင်းတိဖြစ်တေ ခမရ (၅၃၆)၊ (၅၃၇) နန့် (၅၃၈) ရို့ကို ကြည်း၊ ရီ၊ လီ ပစ်ကူတိ အမြောက်အမြားနန့် အပြင်းအထန်.ခုခံလို့ဟိကေလေ့ ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူဖို့အတွက် ဆက်လက် ကြိုးပမ်းနီပါရေ။
ရမ်းဗြဲမြို့တိုက်ပွဲတိအတွင်း ရန်သူ၏မြို့တွင်းလက်ကျန် အင်အားနန့် စစ်ကူအင်အားတချို့ကို ရက္ခိုင့်တပ်တော်က ဆက်လက်ခြီမှုန်းလျက်ဟိရေပိုင် ကစဉ့်ကလျား ထွက်ဗြီးနီရေ ရန်သူတိကိုလည်း ဆက်လက် ခြီမှုန်းတိုက်ခိုက်နီရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ရက္ခိုင်ဒေသစစ်ဆင်ရီး(၁၁၆)ရက်အတွင်းမာ ရက္ခိုင့်တပ်တော်အနီနန့် သတ်မှတ်ထားရေ စစ်ရီးပစ်မှတ်တိကို သိမ်းပိုက်ရယူထားပြီးဖြစ်တေပိုင်၊ နောက်ထပ် ကျန်နီသိမ့်ရေ ရန်သူ့စခန်းတိကို ထပ်မံသိမ်းပိုက်ရယူနိုင်ဖို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ဟိရေလို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။