APM၊ မာ့ချ် ၇ /၂၀၂၄
ရက္ခိုင်ပြည်တဝှမ်း တပ်မ၊ တပ်ရင်း၊ တပ်စခန်းများစွာကို စွန့်လွတ်ထားရပနာ အထိအခိုက်အကျအဆုံးများစွာနန့် အယှုံးကြီးရင်ဆိုင်နီရရေ အကြမ်းဖက်စစ်ကောင်စီစွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖို့အတွက်ပြည်သူ့စစ်ဂေါင်းစဉ်တပ်ပနာ အတင်းအဓမ္မစစ်သားစုဆောင်းလျက်ဟိရာဒေရက်ပိုင်းအတွင်း ရက္ခိုင်ပြည်၊ဂွမြို့နယ်မာလည်း ပြည်သူ့စစ်သင်းတန်းတက်ဖို့အတွက် ရပ်ရွာ အုပ်စုတစုကို လူ ၂၀ စီပီးရဖို့လို့ အတင်းအဓမ္မ ခြိမ်းခြောက် တောင်းနီကြောင်း သိရပါရေ။
မာ့ချ် ၆ ရက်နိ၊ မိုးထ ၁၁ နာရီအချိန် ဂွမြို့နယ်၊ကျိန္တလီတိုက်နယ်မာ အကြမ်းဖက်စစ်ကောင်စီ၏ ဂွမြို့နယ်ရဲမှူးက ၎င်းရို့ခန့် စစ်ကောင်စီအုပ်ချုပ်ရီးမှူးတိအားလုံးကို မြို့နယ်ထွေအုပ်ရုံးသို့ ခေါ်ယူ ပနာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အုပ်စုတစုကို လူ ၂၀ စီပီးရဖို့လို့ အတင်းအဓမ္မတောင်းနီရေလို့ ဒေသခံတိက ပြောပါရေ။
အလားတူ ယင်းနိတရက်တည်းမာပင် ဂွမြို့၊ မြို့မတိုက်နယ်မာလည်း အကြမ်းဖက်စစ်ကောင်စီ၏ ဂွမြို့နယ်ရဲမှူးနန့် အဖွဲ့က ပြည်သူ့စစ်သင်တန်းတက်ဖို့အတွက်ဆိုပနာ ဂွမြို့ဟိ မြို့ပေါ် ရပ်ကွက်တခုကို လူ ၅ ယောက်ကျပီးရဖို့ နန့် ဂွမြို့၊ ကမ်းခြီဦးကိုတော့ အယောက် ၃၀ ပီးရဖို့လို့ အတင်းအဓမ္မ စစ်သားလုပ်ဖို့ တောင်းနီခရေလို့ဆိုပါရေ။
ယင်းအပြင် ပြီးခရေ မာ့ချ် ၅ ရက်နိကလည်းဂွမြို့မတိုက်နယ်၊မကျဉ်းငူရွာမာ အကြမ်းဖက်စစ်ကောင်စီ အုပ်ချုပ်ရီးမှူးတိက ရွာသားတိအားလုံးကို ခေါ်ယူပနာ ပြည်သူ့စစ်သင်တန်းအတွက် အစည်းအဝေး ပြုလုပ်ခပြီးကေ၊ ပြည်သူ့စစ်ဥပဒေနန့်အညီ စစ်မှုးထမ်းရဖို့နန့် အယင်က ပြည်သူ့စစ်သင်တန်းတက်ဖူးခသူတိကိုလည်း စစ်မှူးထမ်းရဖို့လို့ ပြောကြားခကြောင်း သိဟိရပါရေ။