APM ၊ ဧပြီ ၇ / ၂၀၂၃
ကမ္ဘောဇဘဏ်(KBZ bank)၏ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းများလုပ်ဆောင်မည်ဖြစ်၍ အွန်လိုင်းဘဏ် ဝန်ဆောင်မှုများကို ဒေနိ(ဧပြီ၇ ရက်နိ)မှ ဧပြီ ၁၂ ရက်နိအထိ ငါးရက်ကြာအသုံးပြုနိုင်မည်မဟုတ်ကြောင်း KBZ ဘဏ်က ထုတ်ပြန်ကြေညာသည်။
ယင်းကြေညာချက်ထဲ၌ Core Banking စနစ်အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်နိ ညဉ့် ၁၁ နာရီ ၄၅ မိနစ်မှ ဧပြီ ၁၂ ရက်နိ မိုးထ ၁၁ နာရီအထိ ဆောင်ရွက်လားမည်ဟုဆိုသည်။
အဆင့်မြှင့်တင်နီစဉ်ကာလအတွင်း KBZ bank ၏ ဝန်ဆောင်မှုများအနက်မှ အွန်လိုင်းဘဏ် ဝန်ဆောင်မှု များဖြစ် သည့် (iBanking၊ mBanking) ၊Debit နန့် Credit Card ဝန်ဆောင်မှုများအပြင် တချို့သော ATM စက်များနန့် KBZ Pay ဝန်ဆောင်များကို ယာယီအသုံးပြုနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။
ယေကေလေ့ KBZ Pay ၏ တခြားဝန်ဆောင်များဖြစ်သည့် ငွေပီးချေခြင်း၊ ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ MPU (Other) မှ Cash-in ပြုလုပ်ခြင်းရို့ကို ဆက်လက်အသုံးပြုနိုင်မည်ဟုဆိုသည်။
ယင်းသို့ အဆင့်မြှင့်တင်ခြင်းနန့်ပတ်သက်ပြီး KBZ Bank ဝန်ထမ်းတွေအနေနန့် Customer များ၏ အချက်အလက် များကို ဆက်သွယ်တောင်းဆိုခြင်းများ ပြုလုပ်လားမည်မဟုတ်ကြောင်းနန့် မသမာသူများက KBZ Pay OTP တောင်းဆိုခြင်း၊ Password တောင်းဆိုခြင်းနန့် တခြား ကိုယ်ရီးအချက်အလက် တောင်းဆိုခြင်းများဟိလာပါက သတိပြု ယှောင်ယှားရန် အတွက်လေ့ KBZ ဘဏ်မှ အသိပီးထားသည်။
Photo – KBZ bank