
APM ၊ မာ့ချ် ၇ / ၂၀၂၃
ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် အဆောင်များအသစ်ပြန်ဆောက်ရန် အရေးတကြီး လိုအပ်နီကြောင်း သိရသည်။
ယင်းစစ်ဖီးယှောင်စခန်းတွင် ယာယီလူနီအဆောင် ၁ဝ ကျော်ခန်ဟိပြီး အများစုမှာ ရသေ့တောင်မြို့နယ် င/ တောက်တူချေ ၊ သောင်းဒရား စသည်ကျေးရွာများမှ ဒေသခံများဖြစ်ကာ ပြီးခသည့် ၂၀၁၈/၂၀၁၉ တိုက်ပွဲကာလက နီရပ်စွန်ခွာတိမ်းယှောင်လာကတ်ရသူများဖြစ်သည်။
လက်ဟိအချိန်ထိလေ့ ရပ်ရွာအနား၌ မြန်မာစစ်တပ်က တပ်စွဲထား၍နီရပ်မပြန်နိုင်သိမ့်ဘဲယင်းပြားချောင်းကြီးစစ်ဖီးယှောင်စခန်းတွင် နီထိုင်နီကတ်ရကာ စခန်းဟိ ယာယီလူနီဆောင်များမှာ နီထိုင်၍ မရလောက်အောင် ပြိုပျက်နီ၍ အခက်ကြုံနီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
စခန်းဟိ စစ်ဖီးယှောင်များက တတ်နိုင်သမျှ ဖာထီးပြုပြင်ကာ နီထိုင်နီကတ်ကေလေ့ အဆောင်များမှာ နှစ်ကာလ ကြာမြင့်လာ၍ တစတစပျက်စီးမှုပိုများလာကာ သက်ကြီးရွယ်အိုများနန့် အချေများအတွက် အန္တရာယ်ပိုများလာ သည်ဟုဆိုသည်။
ပြားချောင်းကြီးစစ်ဖီးယှောင် စခန်းတွင် အိမ်ထောင်စု ၅၅ စု ၊ လူဦးရေ ၁၉၀ ခန့် ခိုလှုံလျက်ဟိကြောင်း သိဟိရပါသည်။
