
APM ၊ မာ့ချ် ၇ / ၂၀၂၃
စပါးနန့် အက်သလက်တီကို မက်ဒရစ် နောက်ခံလူဟောင်း တိုဘီအယ်လ်ဒါဝိုင်ရယ်သည် နိုင်ငံ့အသင်းဖြစ်သည့် ဘယ်လ်ဂျီယံလက်ရွီးစင်အသင်းကနီ အနားယူကြောင်း မာ့ချ် ၆ ရက်နိတွင် တရားဝင်ကြေညာသည်။
“နိုင်ငံ့လက်ရွီးစင်အသင်းမှာ ကဇတ်ခွင့်ရဖို့က ကျနော့်အိမ်မက်ပါ။ ဒေအိမ်မက်ကိုအကောင်အထည်ဖော်နိုင် ခလို့ လေ့ ဂုဏ်ယူမိပါရေ။ အဂုပိုင်နိုင်ငံ့အသင်းကနီ စောစောစီးစီး ထွက်ခွာလိုက်ရရေအတွက် စိတ်မကောင်းပါ” ဟု အယ်လ်ဒါဝိုင်ရယ်က ဆိုသည်။
ယင်းအပြင် အယ်လ်ဒါဝိုင်ရယ်က “အဂုချိန်ကစပနာ ကျနော့်မိသားစုကို ပိုလို့အာရုံစိုက်ခွင့်ရပြီးကေ Royal Antwerp FC မှာပါ ကျနော့်၏ အခန်းကဏ္ဍကို ဦးစားပီးဖို့အချိန်ရောက်နီပါဗျာယ်။ ဒေဂုပိုင်နိုင်ငံ့အသင်းကနီ ထွက်ဖို့ ဆုံးဖြတ်ချက်က ခက်ခဲကေလေ့ ကျနော့်အတွက် မှန်ကန်ရေဆုံးဖြတ်ချက်ပါ” ဟုလေ့ ထပ်လောင်းပြော ကြားခသည်။
အသက် ၃၄ နှစ်အရွယ် အယ်လ်ဒါဝိုင်ရယ်သည် ၂၀၀၉ ကနီ ၂၀၂၂ ခုနှစ်အထိ ၁၃ နှစ်တာ ကာလအတွင်း နိုင်ငံ့အသင်းနန့်အတူ ပွဲပေါင်း ၁၂၇ ပွဲအထိ ပါဝင်ကဇတ်ပီးခပြီး၊ ကမ္ဘာ့ဖလား (၃) ကြိမ်၊ ဥရောပချန်ပီယံလိဂ် (၂) ကြိမ် ရယူထားနိုင်ခကြောင်းသိဟိရသည်။
Source – Toby Alderweireld announces retirement from international football with Belgium
Photo – Marca
