APM ၊ မာ့ချ် ၇ / ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ကော့စ်ဘဇားဟိ ဘာလုခါလီမူဆလင်ဒုက္ခသည်စခန်းအမှတ်(၁၁)တွင် ပြီးခသည့် မာ့ချ် ၅ ရက် နိက ဖြစ်ပွားခသည့် မီးလောင်မှု အကြောင်းရင်းကို ဘင်္ဂလားဒေ့ချ်အစိုးရက မာ့ချ် ၆ ရက်နိမှ စတင်ကာ စုံစမ်းစစ်ဆီး နီကြောင်း သိရသည်။
အဆိုပါ စုံစမ်းစစ်ဆီးရီးကော်မတီတွင် ဒုက္ခသည် ကယ်ဆယ်ရီးနန့် နီရပ်ပြန်ပို့ရီး ကော်မသျှင်နာရုံးမှ ကိုယ်စားလှယ် များ၊ လက်နက်ကိုင် ရဲတပ်ရင်း (APBn)၊ ကော့စ်ဘဇားခရိုင်ရဲတပ်ဖွဲ့များပါဝင်ပြီး ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နန့် အရပ်ဖက်ကာကွယ်ရီးအဖွဲ့များက မီးလောင်မှု အကြောင်းရင်းကို စုံစမ်းစစ်ဆီးမည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီရင်ခံစာအရ အဆိုပါ မီးလောင်မှုကြောင့် အဆောင် ၂၀၀၀ ကျော်နန့် ဆီးရုံများ၊ သင်ကြားရီးစင်တာများ အပါအဝင် အဆောက်အဦး ၉၀ကျော် ပျက်စီးဆုံးယှုံးခပြီး ဒုက္ခသည် ၁၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်လားခရသည်ဟု သိရသည်။
အဆိုပါမီးလောင်မှုသည် မသမာသူ များ၏ လုပ်ကြံတိုက်ခိုက်မှုဖြစ်ကြောင်း ဒုက္ခသည်စခန်းတွင်နီထိုင်သူများက မီဒီယာများ၌ ပြောကြားထားသည်။
ကော့စ်ဘဇားဟိ ဒုက္ခသည် စခန်းများသည် လူနီထူထပ်ပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများများကြောင့် မီးလောင်မှု ဖြစ်ပွားလိဟိပြီး၊၂၀၂၁ခုနှစ်၊ မာ့ချ်လကလေ့ ဒုက္ခသည်စခန်းတခုမီးလောင်မှုဖြစ်ပွားရာတွင် အနည်းဆုံးဒုက္ခသည် ၁၅ ယောက်သီဆုံးကာ အဆောင် ၁,၀၀၀၀ ကျော် ပျက်စီးဆုံးယှုံးခရသည်။
Source – Bangladesh investigates massive fire in Rohingya refugee camp
Photo – AP