
APM ၊ ဖေဖော်ဝါရီ ၇ / ၂၀၂၃
မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက် တောင်ဖြူဆည်နားဟိ စွန့်ပစ်အမှိုက်ပုံမီးတိုက်ထားရာမှ ထွက်လာသည့် အနံ့ဆိုးများကြောင်း အနီအနားဟိ ရက္ခပူရပညာရီးဖောင်ဒေးသျှင်း ပရဟိတကျောင်းက ကျောင်းသူ/ ကျောင်းသားများမှာ ကျန်းမာရီးထိခိုက်နီကတ်ရကြောင်း သိရသည်။
ယင်းအမှိုက်ပုံကို ဖေဖော်ဝါရီ ၅ ရက်နိကပင် မီးတိုက်ထားခခြင်းဖြစ်ပြီး ယင်းမီးတိုက်ထားသည့် အမှိုက်ပုံမှ ပလပ်စတစ်နံ့ အပါအဝင် အနံ့ဆိုးများထွက်နီခြင်း ဖြစ်သည်။
ယင်းသို့ အနံ့ဆိုးများထွက်နီ၍ အနားမှာဟိသည့် ဆန္ဒာရာမကျောက်တိုက် ရက္ခပူရ ပညာရီးဖောင်ဒေးသျှင်း မြောက်ဦးကျောင်း (ခွဲ)တွင် ပညာသင်ကြားနီကတ်သော ကျောင်းသူ/ကျောင်းသားများနန့် ဆရာ/ဆရာမများမှာ ကျန်းမာရီး လွန်စွာ ထိခိုက်နီကတ်ရကြောင်း ဆရာ/ဆရာမများက ပြောသည်။
ယင်းအပြင် ယင်းအမှိုက်ကထွက်သည့် မီးခိုးများနန့် အနံ့ဆိုးများကို ရှူရှိက်နီရ၍ အသက်ရှုကျပ်လာသဖြင့် ကျောင်းသူ/ ကျောင်းသား ၇ ယောက်ကို ဆီးကုသမှု ခံယူရခကတ်ရပြီး၊ လက်ဟိတွင်လေ့ ကျောင်းထဲ၌ Mask တပ်ကာ နီထိုင်နီကတ်ရသည်ဟုဆိုသည်။
အဆိုပါ ရက္ခပူရ ပညာရီးဖောင်ဒေးသျှင်းတွင် ကျောင်းသူ/ကျောင်းသား (၇၃)ယောက်ဟိပြီး အဂုချိန်သည် စာမိန်းပွဲ နီးကပ်လာသဖြင့် အစစအရာရာကို ဂရုစိုက်နီကတ်ရသည့် ကာလဖြစ်သည့်အတွက် ယင်းအမှိုက်ပုံကို သက်တိုင်ရာမှ အယင်ဆုံးလာရောက် ဖြေယှင်ပီးစီလိုကြောင်း ယင်းရက္ခပူရပညာရီးဖောင်ဒေးသျှင်းဟိ ကျောင်းသူ/ ကျောင်းသားများနန့် ဆရာ/ဆရာမများက တောင်းဆိုထားသည်။
Photo – ရက္ခပူရ ပညာရီးဖောင်ဒေးသျှင်း


