APM ၊ ဖေဖော်ဝါရီ ၇ / ၂၀၂၃
လိဂ်ယူနိုက်တက်အသင်းသည် အသင်း၏ရလဒ်ဆိုးဝါးခသည့်အတွက် နည်းပြဖြစ်သူ ဂျက်စီမာ့ချ်ကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း အသင်း၏ ဝက်ဘ်ဆိုဒ်၌ ဖေဖော်ရီ ၆ ရက်နိက အတည်ပြုထုတ်ပြန်သည်။
လိဂ်ယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် ၇ ပွဲ ဆက်တိုက်နိုင်ပွဲမဟိဘဲ ရလဒ်ဆိုးများ ဆိုးရွားခသည့်အတွက် အမှတ်ပီးဇယားတွင် ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၁၇ နီရာ၌ ရပ်တည်နီသည်။
ယင်းသို့ အသင်းရလဒ်ဆိုးရွားမှုကြောင့် နည်းပြ ဂျက်စီမာ့ချ် ကို ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခခြင်းဖြစ်ပြီးယင်းနီရာတွင် ဝက်စ်ဘရွန်းနည်းပြ ကားလိုစ်ကော်ဘရန်ကို အစားထိုးရန် ပစ်မှတ်ထားနီသည်ဟု ဆိုသည်။
အသက် ၄၉ နှစ်အရွယ် ဂျက်စီမာ့ချ်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လိဒ်ယူနိုက်တက်အသင်း နည်းပြဟောင်း မာဆယ်လို ဘီယဲလ်ဆာ၏နီရာ၌ အစားထိုးရောက်ဟိလာခြင်းဖြစ်ကြောင်း သိဟိရသည်။
Source – Leeds United sacked coach Jesse March after losing 7 league games in a row
Photo – The Telegraph