
APM၊ နိုဗမ်ဘာ ၇/ ၂၀၂၃
ဒေနိ( နိုဗမ်ဘာ ၇ ရက်နိ)အတွင်း သျှမ်းပြည်မြောက်ပိုင်းဟိ စစ်ကောင်စီတပ်စခန်း (၃)ခုနန့် သံချပ်ကာတင့်ကား (၁)စီးကို ကိုးကန့်တပ်မတော် (MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်တေလို့ ထုတ်ပြန်ပါရေ။
ဒေနိ မိုးထပိုင်းမာ MNDAA အနီနန့် ကိုးကန့်ခရိုင်၊ ချီးသျှမ်းဒေသ နန့် တုန်းသျှမ်းဒေသမာဟိ ဟိရေ စစ်ကောင်စီတပ် စခန်းတိကို ထိုးစစ်ဆင်တိုက်ခိုက်ခရာ တပ်စခန်း(၂)ခုကို ထပ်မံသိမ်းပိုက်ခပြီးကေ စစ်ကောင်စီ၏တပ်စခန်း ကြီး၊ငယ် စုစုပေါင်း (၁၁၉) ခုကို အောင် မြင်စွာ တိုက်ခိုက်သိမ်းယူထားနိုင်ယာလို့ ဆိုပါရေ။
ဒေနိ မိုးထ ၆ နာရီလောက်မာ MNDAA ရေ ချီးသျှမ်းဒေသ ၊ တာရွှီထန်နီရာမာဟိရေ စစ်ကောင်စီ၏ နံပါတ်(၁၁)စခန်းကို စတင် ထိုးစစ်တိုက်ခိုက်ခပြီး မိနစ် ၃၀ ကြာတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးရေနောက်မာ စခန်းကို သိမ်းယူနိုင်ခပါရေ။
လက်ဟိအချိန်အထိ တာရွှီထန်ဖက်မာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနီပြီးကေ စစ်ကောင်စီဖက်က ပစ်လိုက်တေ လက်နက်ကြီးကျည်ဆန်တိစွာ တာရွှီထန်ရွာအုပ်စု နန်ကော်ကျေးရွာအနားဟိကျင်စန်း တောင်အောက်သို့ကျရောက် ပေါက်ကွဲခရေ ကျည်ဆံဟိရေပိုင် မပေါက်ကွဲရေ ကျည်ဆံတိလည်း ဟိခရေလို့ ဆိုပါရေ။
အလားတူ ဒေနိ မိုးထ ၇ နာရီလောက်မာ MNDAA ရေ တုန်သျှမ်းဒေသ၊ ပန်းဝါမာဟိရေ စစ်ကောင်စီစခန်းကို စတင်ထိုးစစ် ဆင်တိုက်ခိုက်ခပြီး နာရီခွဲအကြာမာ စခန်းကို အပြီးသတ်သိမ်းယူနိုင်ခရေလို့ သိရပါရေ။
ယင်းအပြင် MNDAA ရေ စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို နိုဗမ်ဘာ ၅ ရက်နိနန့် ၆ ရက်နိရို့မာ နှစ်ရက်ဆက်တိုက် ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်ခပြီးနောက် ဒေနိ နိခင်း ၁၁ နာရီခွဲမာ MNDAA နန့် မုံးကိုးလုံခြုံရီး အဖွဲ့ရို့ပူးပေါင်းပြီးကေ ဒရုန်းပစ်ကူနန့် ၎င်းဗျူဟာကုန်းကို ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခရာ နိခင်း ၁၂ နာရီ ၄၀ မိနစ်လောက်မာ သိမ်းယူနိုင်ခရေလို့ ဆိုပါရေ။
အဆိုပါ မုံးကိုးဗျူဟာကုန်းမာ MNDAA က ဝီဇာအမြောက် (၂) လက်ကိုဖျက်ဆီးခပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာတင့်ကား (၁) စီးကို သိမ်းယူခရေလို့ ဆိုပါရေ။
လက်ဟိအချိန်အထိ MNDAA ၏ တခြားစစ်ကြောင်းတိရေ စစ်ကောင်စီ တပ်စခန်းတိကို ထိုးစစ်ဆင် တိုက်ခိုက်နီတုန်းလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
