
APM ၊ နိုဗမ်ဘာ ၇ /၂၀၂၃
ဒေနိ(နိုဗမ်ဘာ ၇ ရက်နိ)မာ ကျရောက်တေ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ (၄၅) နှစ်ပြည့်မွီးနိသို့ အမျိုးသားညီညွတ်ရီး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က မွီးနိဆုတောင်းမိတ္တာ သဝဏ်လွှာပီးပို့ကြောင်း သိရပါရေ။
NUG သမ္မတ၏ သဝဏ်လွှာမာ “စနစ်ပြောင်းလဲရီးအတွင်း ပါဝင်နီရေ တော်လှန်ရီး ဂေါင်းဆောင်တဦး၏ မွီးနိမာ အမှတ်တရ စာရွီးသားခွင့်ရလို့ အများကြီးဝမ်းသာကြောင်း၊နှစ်ပေါင်းများစွာ မြန်မာပြည်သူလူထုတိုင်းရင်းသားအပေါင်း ခံစားနီရရေ ဖိနှိပ်တေ စစ်အုပ်ချုပ်မှုဘဝက လွတ်မြောက်ရီးအတွက် ကျန်းကျန်းမာမာနန့် ဆက်လက်ဦး ဆောင်မှုပီး နိုင်ပါစီကြောင်း ဆုမွန်ကောင်းတောင်းဆန္ဒပြုပါရေ” လို့လည်း NUG ယာယီသမ္မတက ရွီးသား ဖော်ပြထားပါရေ။
အဆိုပါ NUG သမ္မတ၏ သဝဏ်လွှာ ပီးပို့ခြင်းအပေါ် ULA/AA ဖက်ကလည်း “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်၏ မွီးနိသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ထံမှ မွီးနိဆုတောင်းမိတ္တာစကား သဝဏ်လွှာ ပီးပို့လာခြင်းအတွက် ဝမ်းမြောက်ခြင်းနန့်အတူ ကျေးဇူးတင်မိကြောင်း၊ဒေနိအချိန်ကာလစွာ မြန်မာပြည်အတွင်း စစ်ရီးအဟိန်အမြင့်ဆုံး အချိန်ကာလဖြစ်တေပိုင် မြန်မာပြည်အပြောင်းအလဲ၏ ကနဦး ရောင်နီဦးကို တွိမြင်နီရရေ ကာလလည်းဖြစ်ကြောင်း၊ ULA/AA အနီနန့် အပြောင်းအလဲကိုလိုလားရေ မြန်မာပြည်သူ လူထုတရပ်လုံးနန့်လက်တွဲပြီး စစ်ရီး၊ နိုင်ငံရီး ဘုံရည်မှန်းချက်တိအယင် ဆုံးပြည့်ဝစီဖို့ ပူးပေါင်းဆောင်ရွက်လို့ရရေလူတိနန့် လက်တွဲပနာ အတူတကွပူးပေါင်းဆောင်ရွက်လားဖို့ဖြစ်ပါကြောင်း”ကျေးဇူးတင်လွှာတစောင် ထုတ်ပြန်ထားစွာကို တွိဟိရပါရေ။

