APM၊ နိုဗမ်ဘာ ၇ / ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး၏ နိုဗမ်ဘာ (၅) ရက်နိနန့် (၆) ရက်နိ စစ်ဆင်ရီးတိအတွင်း အရပ်သားစီးယာဉ်အသွင်ယူထားရေ စစ်ကောင်စီ၏စစ်ထောက်ယာဉ်တန်းတိကို တိုက်ခိုက်ပနာ ယာဉ်မာပါရေ လက်နက်ခဲယမ်းတိကို သိမ်းဆည်းခကြောင်းနန့် နောက်ထပ်စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ခကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒေနိ (နိုဗမ်ဘာ ၇ ရက်နိ) နိခင်း ၁၁ နာရီ ၃၅ မိနစ်မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၅ ရက်နိ၊ ညဇာ ၃ နာရီလောက်မာက ကိုးကန့်တပ်မတော် (MNDAA) စွာ သိန္နီဒေသ၊ ဟိုပင်ကျေးရွာအုပ်စု (၁၄ – ၁၅) မိုင်ကြားမာ ရန်သူစစ်ကောင်စီဖက်က အရပ်သားစီးယာဉ်အဖြစ် ဟန်ဆောင်ထားရေ ကား (၅) စီးပါ စစ်ထောက်ပို့ယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခပြီးကေ ယင်း ကား(၅) စီးထဲက (၁) စီးကို ဖျက်ဆီးနိုင်ခပနာ ကားတိ မာ တင်ဆောင်လာရေ လက်နက်ခဲ ယမ်း တချို့ကို သိမ်းဆည်းရဟိခရေလို့ဆိုပါရေ။
ယင်းအပြင် ယင်းနိမာ MNDAAစွာ သိန္နီဒေသဟိ စစ်ကောင်စီ၏ (၁၆) စခန်း နန့် မီတာ (၂၀၀) လောက်အကွာအဝီးမာဟိရေ သူရို့၏နောက်ထပ်စခန်းချေ တခုကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခရေ လို့ဆိုပါရေ။
အလားတူ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၆ ရက်နိ၊မိုးထ ၉ နာရီ ၄၃ မိနစ်လောက်မာ MNDAA စွာ ကိုးကန့်ခရိုင်၊ တုန်းသျှမ်းဒေသ၊ သျှင်ရွှီထန်ဟိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုး စစ်ဆင်ခပြီးကေ ၁၀ မိနစ်လောက်အကြာမာ အပြီးသတ် ချေမှုန်းသိမ်း ပိုက်ခရေလို့သိရပါရေ၊၊
ယင်းအတူ နိုဗမ်ဘာ ၆ ရက်နိ မိုးထ ၇ နာရီ ၃၀ မိနစ်လောက်ကလည်း MNDAA စွာ ကိုးကန့်ခရိုင်၊ သျှင်းဝမ်ဒေသ၊ သျှင်ဟွာကျေးရွာအုပ်စု၊ တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်းနန့် ကျင်ဖန်ဟော် နီရာဟိ စစ်ကောင်စီတပ်စခန်းတိကို ထိုးစစ်ဆင်ခပြီးကေ မိုးထ ၈ နာရီလောက်မာ အပြီးသတ်ချေမှုန်းသိမ်းပိုက် ခရေလို့သိရပါရေ။
အလားတူ နိုဗမ်ဘာ ၆ ရက်ယင်းနိ၊ ညဇာ ၆ နာရီ ၄၀ မိနစ်လောက်မာလည်း MNDAA နန့် မဟာမိတ်တပ်ဖွဲ့တိစွာ လားသျှိုးခရိုင်၊ သိန္နီခရိုင်၊ နန်ဖိုင်းဒေသဟိ စစ်ကောင်စီလက် အောက်ခံ တပ်ရင်း(၂၉၁) စခန်းကို ဒရုန်းစစ်ဆင်ရီးနန့် တနာရီကျော်လောက် ပစ်ခတ်တိုက်ခိုက်ခရေလို့သိရပါရေ။
နိုဗမ်ဘာ ၆ ရက်နိ၊ နိခင်း ၂ နာရီ ၂၀ မိနစ်မာလည်း တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ လယ်ဘုရားပရဝုဏ်အတွင်း စခန်းချပုန်းအောင်းနီရေ စစ်ကောင်စီနန့် စစ်ကောင်စီ လက်အောက်ခံ ပူးပေါင်းတပ်စခန်းကို တအာင်းတပ်မတော် (TNLA) က ပိတ်ဆို့တိုက်ခိုက်ခပြီးကေ ဒေနိ၊ မိုးထ ၅ နာရီ ၄၅ မိနစ်လောက်မာ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခပနာ ယင်းရန်သူ့တပ်စခန်း က လက်နက်မျိုးစုံ (၂၈) လက်၊ ပစ္စတို (၁) လက်နန့် စစ်အသုံး အဆောင်ပစ္စည်းတချို့ သိမ်းဆည်းရဟိခရေ လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။