
(သက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှုတိနန့် ပတ်သက်လို့ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူလားဖို့လို့ ULA/AA ပြော)
APM ၊ အောက်တိုဘာ ၇ /၂၀၂၃
ပေါက်တောမြို့နယ်အတွင်း အောက်တိုဘာ ၆ ရက်နိ ညဇာ ၇ နာရီက သက်ငယ်မုဒိမ်းမှုတခု ဖြစ်ပွားခရေလို့ သိရပါရေ။
ပေါက်တောမြို့နယ်၊ သရက်ချောင်းရွာမာ အသက် ၄ နှစ်အရွယ် သမီးချေတယောက်ကို ၂၁ နှစ်အရွယ် လူငယ်တယောက်က မုဒိမ်းမှုကျူးလွန်ခစွာဖြစ်ပါရေ။
သက်ငယ်မုဒိမ်းမှုကျူးလွန်ခရေ လူငယ်စွာ ပေါက်တော ဒေသ အမှတ်(၁)နယ်မြီရုံးခွဲသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခပနာ မုဒိမ်းမှုကျူးလွန်ကြောင်း ဝန်ခံထားရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ပြီးရေ နောက်ပိုင်း သက်ငယ်မုဒိမ်းမှုတိအပါအဝင် မုဒိမ်းကျင့်ခံရမှုတိ တဆတ်ဆတ် များပြားလာနီပါရေ။
တိုးပွားလာနီရေ မုဒိမ်းမှုတိနန့်ပတ်သက်လို့ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက “ကျနော်ရို့အာရက္ခပြည်သူ့ အစိုးရ အနီနန့် သက်ငယ်မုဒိမ်းမှုတိအပါအဝင် မုဒိမ်းမှုတိနန့် ပတ်သက်ပြီးကေ အပြစ်ကျူးလွန်ရေလူတိကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူနိုင်ဖို့ အတွက် ကျနော်ရို့တရားရီးဌာနက ဆက်လက်ပြီးကေ လုပ်ဆောင်နီစွာဟိပါရေ လို့ဆိုပါရေ။
ယေပြီးကေ ဦးခိုင်သုခက “ဒေပိုင်မုဒိမ်းမှုတိများလာစွာက ရက္ခိုင်တိ နှစ်ပေါင်း၂၀၀ ကျော် ကျွန်ဖြစ်နီခြင်း၏ အကျိုးဆက်၊ မြန်မာစစ်အာဏာသျှင်စနစ်အောက်မှာ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပိုပြီးကေ ဆိုးဝါးလာကြောင်း၊အထူးသဖြင့် စစ်အစိုးရအဆက်ဆက် အုပ်ချုပ်မှုအောက်မာ နီလာရရေ ရက္ခိုင်လူမျိုးတိရေ အကျင့်စာရိတ္တဖောက်ဖျက်မှု ၊ လူ့ဂုဏ်သိက္ခာ နန့် လူကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှုအပိုင်းတိမှာ တစတစပိုပြီးကေ ချွတ်ခြုံကျလာစွာကိုဖော်ပြနီခြင်းဖြစ်ကြောင်း” သုံးသပ်ပြောဆိုပါရေ။
အလားတူ “သက်ငယ်မုဒိမ်းမှုတိနန့်ပတ်သက်လို့ အသိပညာပီးအားနည်းမှုတိလည်း အဓိက အချက်အနီနန့် ပါရေလို့ကျနော်သုံးသပ်ပါရေ။ ဒေပိုင်သက်ငယ်မုဒိမ်းမှုတိနန့်ဆိုင်ရေ အသိပညာပီးမှုတိကို ကျနော်ရို့ CBO/ CSO ရို့ကတဆင့် ဒေသခံတိကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည်အောင် ယှင်းပြပြီးကေ အသိပညာပီးလုပ် ငန်းတိကို စနစ်တကျလုပ်ဆောင်နိုင်ကေတော့ခါ ဒေသက်ငယ်မုဒိမ်းမှုတိလျော့ကျလာဖို့လို့ ကျနော်ထင်ပါရေ လို့လည်း ဦးခိုင်သုခက ထောက်ပြပါရေ။
ယင်းအပြင် ULA/AA အနီနန့်လည်း သက်ငယ်မုဒိန်းမှုတိ လျော့ကျလာဖို့အတွက် မိမိရို့ထိန်းချုပ်နယ်မြီတိမှာ သက်ငယ်မုဒိမ်းမှုတိနန့်ပတ်သက်တေ အသိပညာပီးလုပ်ငန်းတိကို ဒေသခံပြည်သူလူထုတိနန့်ပူးပေါင်းပြီးကေ ဆက်လက်လုပ်ဆောင်လားဖို့ အစီအစဉ်ဟိကြောင်း ပြန်ကြားရီးတာဝန်ခံဦးခိုင်သုခက အလေးအနက်ထား ယှင်းလင်း ပြောကြားလားခပါရေ။
