APM၊ အောက်တိုဘာ ၇/၂၀၂၂
မင်းပြားမြို့နယ်၌ စစ်ကောင်စီတပ်က တောင်မော်ဦးနန့် ကြပ်စင်တံထားဦးမှ ဒေနိ(အောက်တိုဘာ ၇ ရက်နိ) နိခင်း၁၂ နာရီ ၂၅ မိနစ်အချိန်ကပင် လက် နက် ကြီးလက်နက်ငယ်များဖြင့် စတင်ပစ်ခတ်နီပြီး၊ ယင်းပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ကျ ရောက်ပေါက်ကွဲကာ မင်းပြားမြို့နယ်၊ဖလောင်းပြင်ရွာမှ အပြစ်မဲ့ အရပ်သားပြည်သူ ၆ ယောက် ထိခိုက်ဒဏ်ရာများ ရလား ခသည်ဟု သိဟိရသည်။
ဒေနိ မွန်းလွဲ ၁ နာရီ မှ ၂ နာရီ ၅၀ မိနစ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မင်းပြားမြို့ နယ် ဖလောင်းပြင်ရွာမှ ဦးသောင်းမောင်(၆၆ နှစ်)၊ ကိုအောင်ဝင်း(၃၃ နှစ်)၊ ကိုမောင်မောင်သိန်း (၂၉နှစ်) မောင်ဝင်းဌေး (၂၀ နှစ်)၊ ၊ မအေးငြိမ်းစံ (၁၅ နှစ်)၊ မောင်ခင်စိုး (၈နှစ်) ရို့ ၆ ယောက် ထိခိုက်ဒဏ်ရာများ ရလားခသည်။
ယင်း ၆ ယောက် အနက်မှ ကျောင်းသားချေ နှစ်ယောက်ဖြစ်သော မအေးငြိမ်းစံ (၁၅ နှစ်)နန့် မောင်ခင်စိုး (၈နှစ်) ရို့မှာ ဒဏ်ရာများ ပြင်းထန်ကြောင်း သိရသည်။
အဆိုပါလက်နက်ကြီးများ ပစ်ခတ်နီသည်မှာ မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၇၉)၊(၃၈၀)၊(၅၄၁) တပ်ရင်းများမှ တပ်ဖွဲ့ဝင်များဖြစ်ကတ်ပြီး၊ လက်ဟိအချိန်ထိလေ့ ဆက်ပစ်နီတုန်းဟု ဒေသခံများက ပြောဆိုသည်။
(Zawgyi)
မင်းပြားတွင် စစ်ကောင်စီတပ်မှ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အပြစ်မဲ့ပြည်သူ ၆ ယောက် ထိခိုက်ဒဏ်ရာရ
APM၊ အောက်တိုဘာ ၇/၂၀၂၂





