APM၊ အောက်တိုဘာ ၇/၂၀၂၂
ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကံပြင်ရွာမှ ULA အဖွဲ့ဝင် မူဆလင်တယောက်ကို အောက်တိုဘာ ၆ ရက်နိ၊ ညည့် ၉ နာရီအချိန်ခန့်တွင် ARSA အဖွဲ့က ပစ္စတိုဖြင့် ပစ်သတ်၍ သီဆုံးလားခကြောင်း သိရသည်။
အသတ်ခံရသူမှာ အဖဦးရော်ချိတ်တာမောက်၏သား ဦးဆာလာမောက်(၄၀နှစ်)ဖြစ်ပြီး ARSA အဖွဲ့က ၎င်း၏ နီအိမ်ထဲသို့ အကြမ်း ဖက်စီးနင်းဝင်ရောက်ကာ ပစ်သတ်လားခခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက်နိ၊ ညည့် ၉ နာရီခန့်က ယင်း အဖွဲ့ဝင် ၆ ယောက်ပါသည့် ARSA အဖွဲ့သည် ဆလာမောက်၏ နီအိမ်ရှိသို့ရောက်ဟိလာပြီး၊ ဆာလာမောက်အား အော်ခေါ်ရာ မထူးသဖြင့် နီအိမ်တန်းခါးကို ခြီဖြင့်ကန်ကျောက်၍ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ဇနီးဖြစ်သူ နန့် သားသမီးများရှိမှောက်တွင် ဆလာမောက်၏ ဘယ်ဖက်ရင်အုံအား ပစ္စတိုဖြင့် ပစ်သတ်လား ခသည်ဟု သိရသည်။
ယင်းအပြင် ယင်း ARSA ၆ ယောက်အဖွဲ့သည် ဆာလာမောက်သမီးဖြစ်သူကိုလေ့ လက်သီးနန့်ထိုးခြင်း၊ ခြီနန့်ကန်ကျောက်ခြင်း စသည်ဖြင့် အကြမ်းဖက်ရိုက်နှက်မှုများပြုလုပ်ခကတ်သည်ဟု ဆိုသည်။
ဒေသခံတယောက်၏ ပြောကြားချက်အရ ဆာလာမောက်ကို သတ်ဖြတ်သူများမှာ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သီအုပ်စု၊ သိမ်တောင်ရွာမှ ဟာလာလ်ဦးဆောင်သည့် ARSA အဖွဲခွဲ့(၁၃ ယောက်ပါအဖွဲ့)မှ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်း ဟာလာလ်ဦးဆောင်သည့် ARSA အဖွဲ့ခွဲသည် ၂၀၂၀ ခုနှစ်ကစ၍ ဖိုးခေါင်ခေါင်း၊ စိမ်းညှင်းပြား၊ ဂူဒါပြင်နန့် သပိတ်တောင် အုပ်စု များအတွင်း၌ မူဆလင်ရွာများအတွင်း ဝင်ရောက်လှုပ်ယှားကာ မူဆလင်များကို ခြိမ်းခြောက်အနိုင်ကျင့်နီသည့် ARSA အဖွဲ့ခွဲတခု ဖြစ်ကြောင်းလေ့ သိရသည်။
(Zawgyi)
ဘူးသီးေတာင္မွ ULA အဖြဲ႕ဝင္မူဆလင္တဦးကို ARSA အဖြဲ႕မွ သီနတ္ျဖင့္ပစ္သတ္၍ သီဆုံး
APM၊ ေအာက္တိုဘာ ၇/၂၀၂၂
ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဖိုးေခါင္ေခ်ာင္းအုပ္စု၊ ကံျပင္႐ြာမွ ULA အဖြဲ႕ဝင္ မူဆလင္တေယာက္ကို ေအာက္တိုဘာ ၆ ရက္နိ၊ ညည့္ ၉ နာရီအခ်ိန္ခန႔္တြင္ ARSA အဖြဲ႕က ပစၥတိုျဖင့္ ပစ္သတ္၍ သီဆုံးလားခေၾကာင္း သိရသည္။
အသတ္ခံရသူမွာ အဖဦးေရာ္ခ်ိတ္တာေမာက္၏သား ဦးဆာလာေမာက္(၄၀ႏွစ္)ျဖစ္ၿပီး ARSA အဖြဲ႕က ၎၏ နီအိမ္ထဲသို႔ အၾကမ္း ဖက္စီးနင္းဝင္ေရာက္ကာ ပစ္သတ္လားချခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ေအာက္တိုဘာ ၆ ရက္နိ၊ ညည့္ ၉ နာရီခန႔္က ယင္း အဖြဲ႕ဝင္ ၆ ေယာက္ပါသည့္ ARSA အဖြဲ႕သည္ ဆလာေမာက္၏ နီအိမ္ရွိသို႔ေရာက္ဟိလာၿပီး၊ ဆာလာေမာက္အား ေအာ္ေခၚရာ မထူးသျဖင့္ နီအိမ္တန္းခါးကို ၿခီျဖင့္ကန္ေက်ာက္၍ အၾကမ္းဖက္ စီးနင္းဝင္ေရာက္ကာ ဇနီးျဖစ္သူ နန္႔ သားသမီးမ်ားရွိေမွာက္တြင္ ဆလာေမာက္၏ ဘယ္ဖက္ရင္အုံအား ပစၥတိုျဖင့္ ပစ္သတ္လား ခသည္ဟု သိရသည္။
ယင္းအျပင္ ယင္း ARSA ၆ ေယာက္အဖြဲ႕သည္ ဆာလာေမာက္သမီးျဖစ္သူကိုေလ့ လက္သီးနန္႔ထိုးျခင္း၊ ၿခီနန႔္ကန္ေက်ာက္ျခင္း စသည္ျဖင့္ အၾကမ္းဖက္႐ိုက္ႏွက္မႈမ်ားျပဳလုပ္ခကတ္သည္ဟု ဆိုသည္။
ေဒသခံတေယာက္၏ ေျပာၾကားခ်က္အရ ဆာလာေမာက္ကို သတ္ျဖတ္သူမ်ားမွာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အတြင္းငွက္သီအုပ္စု၊ သိမ္ေတာင္႐ြာမွ ဟာလာလ္ဦးေဆာင္သည့္ ARSA အဖြဲခြဲ႕(၁၃ ေယာက္ပါအဖြဲ႕)မွ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္သည္။
၎ ဟာလာလ္ဦးေဆာင္သည့္ ARSA အဖြဲ႕ခြဲသည္ ၂၀၂၀ ခုႏွစ္ကစ၍ ဖိုးေခါင္ေခါင္း၊ စိမ္းညႇင္းျပား၊ ဂူဒါျပင္နန္႔ သပိတ္ေတာင္ အုပ္စု မ်ားအတြင္း၌ မူဆလင္႐ြာမ်ားအတြင္း ဝင္ေရာက္လႈပ္ယွားကာ မူဆလင္မ်ားကို ၿခိမ္းေျခာက္အႏိုင္က်င့္နီသည့္ ARSA အဖြဲ႕ခြဲတခု ျဖစ္ေၾကာင္းေလ့ သိရသည္။