“၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ပထမ အပတ်အတွင်း ရက္ခိုင်၊ ပလက်ဝဒေသ တိုက်ပွဲများနှင့် မြေပြင်အခြေအနေများ”
( ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၇) ရက်၊ သောကြာနေ့ ထုတ်ပြန်သည်)
ရက္ခိုင်၊ ပလက်ဝစစ်မျက်နှာ၌ အထိနာနေသော စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် အဆိုပါဒေသများ၌ တိုက်ပွဲများမှာ နေ့စဉ်ရက်ဆက် ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ပထမအပတ်အတွင်း အောက်ပါနေ့ ရက်များနှင့် နေရာများ၌ ဖြစ်ပွားခဲ့သည်။
(၁) အောက်တိုဘာလ (၁) ရက်၊ နံနက် (၉) နာရီခန့်အချိန်တွင် ဖရုံချောင်းရွာအနောက်ဖက်၌ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ သည်။
(၂) အောက်တိုဘာလ (၂) ရက်၊ ညနေ (၅) နာရီ (၀၇) မိနစ်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အရှေ့တောင်ဖက် (၃.၈) ကီလို မီတာ အကွာအဝေး၌ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
(၃) အောက်တိုဘာလ (၃) ရက်၊ နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ကျောက်စာတိုင် (မြိုခမီ) ရွာ၏ တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေး၌ ဖြစ်ပွားခဲ့သော (၅) နာရီခန့်ကြာ တိုက်ပွဲ (ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဖက်မှ (၁၇) ဦး သေဆုံးကာ (၁၅) ဦးဒဏ်ရာရရှိခဲ့ပြီး မိမိတို့ဖက်မှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရမိခဲ့သော တိုက်ပွဲတစ်ပွဲလည်းဖြစ်သည်။
(၄) အောက်တိုဘာလ (၄) ရက်နေ့တွင် မိမိတို့အနေဖြင့် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဖက်မှ ရမ်းသန်း ပစ်ခတ်တိုက်ခိုက် မှုများ ရှိခဲ့သည်။
(၅) အောက်တိုဘာလ (၅) ရက်၊ နံနက် (၉) နာရီ (၅၂) မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ ဂူဒါပြင်(မူဆလင်) ရွာ နှင့် တောင်ရွာ (မူဆလင်) အကြားတွင် မိနစ် (၃၀) ကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့အတူ အောက်တိုဘာ (၆) ရက်နေ့၌လည်း ဤပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိခဲ့သည်။ နှစ်ရက်တာတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၁၀) ဦး သေဆုံးပြီး နောက်ထပ် (၁၀) ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
(၆) အောက်တိုဘာ (၇) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၂၂) မိနစ်တွင် မင်းပြားမြို့၊ ကြပ်စင်တံတား၌ စခန်းချပြီး ပြည်သူလူထုကို ဒုက္ခ ပေး နေသော စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၈)ဦး သေဆုံး ပြီး၊ နောက်ထပ် ဒဏ်ရာရသူတချို့လည်း ရှိခဲ့သည်။ ရန်သူသည် တောင်မော်ဦး (မယ်တော်တောင်)နှင့် ကြပ်စင်တံတားအနီး ယာယီ တပ်စွဲထားသည့် နေရာမှ အနီးအနားရှိ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် (၂၅) ကြိမ်ခန့် ရမ်းသန်းလှမ်းပစ်နေခဲ့ရာ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယင်းအပြင် ရန်သူသည် အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၁) နာရီ အချိန်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း ဝေလာတောင်တန်းတဝိုက်နေရာများ၌ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သေးသည်။
ထို့အတူ အထက်ဖော်ပြပါတိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၌ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ နှင့်အတူ တိုက်ပွဲငယ်များမှာ ရံဖန်ရံခါရှိခဲ့သောကြောင့် အောက်တိုဘာလ၊ ပထမပတ်အတွင်း တိုက်ပွဲကြီး (၁၀) ကျော် နှင့် တိုက်ပွဲငယ် (၁၀) ကျော်ရှိခဲ့သည်။ ၎င်းတိုက်ပွဲများအတွင်း ရန်သူဖက်မှ (၄၀) ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် (၂၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့နှင့် ကျဆုံးသူအချို့ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် အာရက္ခစစ်သည်တော်များအား လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ရန်သူသည် လက်နက်ကြီးများကို –
(က) ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ကျေးရွာ၏အနောက်တောင်ဖက် (၁.၂) ကီလိုမီတာခန့် အကွာအဝေး၌ရှိသော (၃၇၈) အမြောက် တပ်ရင်း၊
(ခ) ဘူးသီးတောင်မြို့နယ်၊ တင်ဆက်ရွာအနီးရှိ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၁၀) တပ်ရင်း နှင့် ကြာညိုပြင်တံတားအနီးရှိ၊ တပ်မ (၂၂) လက်အောက်ခံ (၂၀၉) တပ်ရင်း၊
(ဂ) ဘူးသီးတောင်မြို့နယ်၊ လသာ (မူဆလင်) ကျေးရွာ၏ အနောက်ဖက်၊ မီတာ (၅၀၀) ခန့် အကွာအဝေး၌ရှိသော နခခ (၈) နှင့် နခခ (၆) အင်းဒင် နယ်ခြားစောင့်တပ်စခန်းများ၊
(ဃ) မောင်တောမြို့နယ်၊ ကြိမ်ချောင်း (၂၄) ဂိတ်၊
(င) ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကုန်း၊
(စ) ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာအတွင်းရှိ၊ နခခ (၄) လက်အောက်ခံ၊ ချိန်ခါလိန်ရဲစခန်း၊
(ဆ) ကျောက်တော်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းနှင့် ဆနွင်းတောင်ကုန်း၊ စကခ (၉) ကျောက်တော်၊
(ဇ) မြောက်ဦးမြို့နယ်၊ သင်းကျစ်တောင်ဗျူဟာကုန်း၊
(စျ) မင်းပြားမြို့နယ်၊ ကျိန်းတောင်ဘုရားကုန်း၊ တောင်ဦးစခန်းကုန်း၊ ကျီးကန်းတောင် ( ပွိုင့် ၇၁၉ ဗျူဟာကုန်း) နှင့် မင်းပြားမြို့ အခြေစိုက် ခမရ (၃၇၉) ၊ ခမရ (၃၈၀)၊ ခမရ (၅၄၁) တပ်ရင်းများ၊
(ည) ပလက်ဝမြို့နယ်၊ မီးချောင်းဗျူဟာကုန်း၊
(ဋ) စကခ (၉) ၊ (၁၅) လက်အောက်ခံ တပ်ရင်းဌာနချုပ်များရှိသည့်နေရာများ မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးပြီး အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများရှိ ၎င်းတို့၏ လှုပ်ရှားတပ်ရင်းများမှနေ၍ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်သည့်နေရာများသို့သာမက မည်သည့်တိုက်ပွဲ ဖြစ်ပွားခြင်းမျှ မရှိသည့်နေရာများသို့ပါ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
အောက်တိုဘာလ၊ ပထမပတ်အတွင်း ရန်သူ့ဖက်မှ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချိန်မတော် နေ့၊ ညမရွေး ရပ်ရွာများကိုပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုကြောင့် ရွာ (၁၃) ရွာထိခိုက်ခဲ့ကာ၊ အိမ် (၁၄) လုံးပျက်စီး၍ လူ (၁) ယောက် သေဆုံး၊ (၉)ယောက် ထိခိုက်ဒဏ်ရာရပြီး၊ နွား (၃) ကောင် သေဆုံးခဲ့ရသည်။
ယင်းအပြင် စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်၌ ချွတ်ခြုံကျလျက်ရှိသော စစ်ကောင်စီတပ်သည် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း စသည့်မြို့နယ်များမှ အပြစ်မဲ့အရပ်သား ပြည်သူများအား အပြစ်မရှိအပြစ်ရှာကာ အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိနေသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း လုပ်လေ့လုပ်ထရှိသော လုပ်ရပ်များကို ပြုလုပ်ရင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဖြတ်လေးဖြတ်ဟူသော ခေါင်းစဉ်အောက်တွင် ပြည်သူလူထုများ၏ စားဝတ်နေရေး၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါးများအပါအဝင် မရှိမဖြစ်သော အခြေခံလူသုံးကုန် ပစ္စည်းများသယ်ယူခွင့်မရအောင် ကုန်းလမ်း၊ ရေလမ်းများအား တင်းကျပ်စွာပိတ်ဆို့လျက် ပြည်သူများ အငတ်ဘေး မဆိုက်ဆိုက်အောင် လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီတပ်၏ ယခုကဲ့သို့ ပြည်သူများအပေါ် လူမဆန်စွာ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ကျူးလွန်နေခြင်း၊ ပြည်သူလူထုများကို အဓိကပစ်မှတ်ထား၍ ဦးတည်တိုက်ခိုက်နေခြင်း၊ ရက္ခိုင်နှင့်ပလက်ဝရှိ ၎င်းတို့၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို အဆမတန်ဖြည့်တင်းနေခြင်းတို့ကြောင့် ရှေ့ရက်များတွင်လည်း ရက္ခိုင်နှင့်ပလက်ဝဒေသများ၌ တိုက်ပွဲများမှာ နေရာအနှံ့ ဆက်လက် ဖြစ်ပွားလာနိုင်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
(Zawgyi)
ရကၡိဳင့္တပ္ေတာ္ ၏ တိုက္ပြဲသတင္းထုတ္ျပန္ခ်က္(ျမန္မာဘာသာျဖင့္)
“၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ပထမ အပတ္အတြင္း ရကၡိဳင္၊ ပလက္ဝေဒသ တိုက္ပြဲမ်ားႏွင့္ ေျမျပင္အေျခအေနမ်ား”
( ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာ (၇) ရက္၊ ေသာၾကာေန႔ ထုတ္ျပန္သည္)
ရကၡိဳင္၊ ပလက္ဝစစ္မ်က္ႏွာ၌ အထိနာေနေသာ စစ္ေကာင္စီတပ္ ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔သည္ အဆိုပါေဒသမ်ား၌ တိုက္ပြဲမ်ားမွာ ေန႔စဥ္ရက္ဆက္ ဆက္တိုက္ျဖစ္ပြားလ်က္ရွိသည္။ ၂၀၂၂ ခုႏွစ္၊ ေအာက္တိုဘာ ပထမအပတ္အတြင္း ေအာက္ပါေန႔ ရက္မ်ားႏွင့္ ေနရာမ်ား၌ ျဖစ္ပြားခဲ့သည္။
(၁) ေအာက္တိုဘာလ (၁) ရက္၊ နံနက္ (၉) နာရီခန႔္အခ်ိန္တြင္ ဖ႐ုံေခ်ာင္း႐ြာအေနာက္ဖက္၌ မိနစ္ (၂၀) ခန႔္ၾကာ တိုက္ပြဲျဖစ္ပြားခဲ့ သည္။
(၂) ေအာက္တိုဘာလ (၂) ရက္၊ ညေန (၅) နာရီ (၀၇) မိနစ္တြင္ ပလက္ဝၿမိဳ႕နယ္၊ ၿမိတ္ဝေက်း႐ြာ၏ အေရွ႕ေတာင္ဖက္ (၃.၈) ကီလို မီတာ အကြာအေဝး၌ မိနစ္ (၂၀) ခန႔္ၾကာ တိုက္ပြဲျဖစ္ပြားခဲ့သည္။
(၃) ေအာက္တိုဘာလ (၃) ရက္၊ ေန႔လယ္ (၁) နာရီ (၃၀) မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေက်ာက္စာတိုင္ (ၿမိဳခမီ) ႐ြာ၏ ေတာင္ဖက္ (၁.၃) ကီလိုမီတာအကြာအေဝး၌ ျဖစ္ပြားခဲ့ေသာ (၅) နာရီခန႔္ၾကာ တိုက္ပြဲ (ျပင္းထန္ေသာတိုက္ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ရန္သူ႔ဖက္မွ (၁၇) ဦး ေသဆုံးကာ (၁၅) ဦးဒဏ္ရာရရွိခဲ့ၿပီး မိမိတို႔ဖက္မွ ရန္သူ႔ လက္နက္ခဲယမ္း၊ စစ္အသုံးအေဆာင္ပစၥည္းအမ်ားအျပား သိမ္းဆည္း ရမိခဲ့ေသာ တိုက္ပြဲတစ္ပြဲလည္းျဖစ္သည္။
(၄) ေအာက္တိုဘာလ (၄) ရက္ေန႔တြင္ မိမိတို႔အေနျဖင့္ တိုက္ပြဲမ်ားမရွိေသာ္လည္း စစ္ေကာင္စီဖက္မွ ရမ္းသန္း ပစ္ခတ္တိုက္ခိုက္ မႈမ်ား ရွိခဲ့သည္။
(၅) ေအာက္တိုဘာလ (၅) ရက္၊ နံနက္ (၉) နာရီ (၅၂) မိနစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူဒါျပင္(မူဆလင္) ႐ြာ ႏွင့္ ေတာင္႐ြာ (မူဆလင္) အၾကားတြင္ မိနစ္ (၃၀) ၾကာတိုက္ပြဲ ျဖစ္ပြားခဲ့သည္။ ထို႔အတူ ေအာက္တိုဘာ (၆) ရက္ေန႔၌လည္း ဤပတ္ဝန္းက်င္၌ ႏွစ္ဖက္တိုက္ပြဲမ်ား ဆက္လက္ရွိခဲ့သည္။ ႏွစ္ရက္တာတိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ မ်က္ျမင္ (၁၀) ဦး ေသဆုံးၿပီး ေနာက္ထပ္ (၁၀) ဦးခန႔္ ဒဏ္ရာရရွိခဲ့သည္။
(၆) ေအာက္တိုဘာ (၇) ရက္ေန႔၊ ေန႔လယ္ (၁၂) နာရီ (၂၂) မိနစ္တြင္ မင္းျပားၿမိဳ႕၊ ၾကပ္စင္တံတား၌ စခန္းခ်ၿပီး ျပည္သူလူထုကို ဒုကၡ ေပး ေနေသာ စစ္ေကာင္စီတပ္ဖြဲ႕အား မိမိတို႔မွ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။ ဤတိုက္ပြဲအတြင္း ရန္သူ႔ဖက္မွ မ်က္ျမင္ (၈)ဦး ေသဆုံး ၿပီး၊ ေနာက္ထပ္ ဒဏ္ရာရသူတခ်ိဳ႕လည္း ရွိခဲ့သည္။ ရန္သူသည္ ေတာင္ေမာ္ဦး (မယ္ေတာ္ေတာင္)ႏွင့္ ၾကပ္စင္တံတားအနီး ယာယီ တပ္စြဲထားသည့္ ေနရာမွ အနီးအနားရွိ ရပ္႐ြာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ (၂၅) ႀကိမ္ခန႔္ ရမ္းသန္းလွမ္းပစ္ေနခဲ့ရာ လက္နက္ႀကီး က်ည္က်ေရာက္ ေပါက္ကြဲ၍ အျပစ္မဲ့ျပည္သူ (၆) ဦးလည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။
ယင္းအျပင္ ရန္သူသည္ ေအာက္တိုဘာလ (၇) ရက္ေန႔ နံနက္ (၁) နာရီ အခ်ိန္ကလည္း ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း ေဝလာေတာင္တန္းတဝိုက္ေနရာမ်ား၌ ဂ်က္တိုက္ေလယာဥ္ ႏွစ္စီးျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ခဲ့ေသးသည္။
ထို႔အတူ အထက္ေဖာ္ျပပါတိုက္ပြဲျဖစ္ပြားခဲ့ေသာေနရာမ်ား၌ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ႏွင့္အတူ တိုက္ပြဲငယ္မ်ားမွာ ရံဖန္ရံခါရွိခဲ့ေသာေၾကာင့္ ေအာက္တိုဘာလ၊ ပထမပတ္အတြင္း တိုက္ပြဲႀကီး (၁၀) ေက်ာ္ ႏွင့္ တိုက္ပြဲငယ္ (၁၀) ေက်ာ္ရွိခဲ့သည္။ ၎တိုက္ပြဲမ်ားအတြင္း ရန္သူဖက္မွ (၄၀) ဦး ေသဆုံးခဲ့ၿပီး၊ ေနာက္ထပ္ (၂၅) ဦးထက္မနည္း ဒဏ္ရာရရွိခဲ့သည္။ မိမိတို႔ဖက္မွလည္း ထိခိုက္ဒဏ္ရာရသူ အခ်ိဳ႕ႏွင့္ က်ဆုံးသူအခ်ိဳ႕ရွိခဲ့သည္။ တိုက္ပြဲမ်ားအတြင္း ထူးခြၽန္ေျပာင္ေျမာက္စြာ တိုက္ပြဲဝင္ခဲ့ၾကသည့္ အာရကၡစစ္သည္ေတာ္မ်ားအား ေလးနက္စြာဂုဏ္ျပဳမွတ္တမ္းတင္အပ္ပါသည္။
ရန္သူသည္ လက္နက္ႀကီးမ်ားကို –
(က) ဘူးသီးေတာင္ၿမိဳ႕နယ္၊ လက္ဝဲဒက္ေက်း႐ြာ၏အေနာက္ေတာင္ဖက္ (၁.၂) ကီလိုမီတာခန႔္ အကြာအေဝး၌ရွိေသာ (၃၇၈) အေျမာက္ တပ္ရင္း၊
(ခ) ဘူးသီးေတာင္ၿမိဳ႕နယ္၊ တင္ဆက္႐ြာအနီးရွိ တပ္မ (၂၂) လက္ေအာက္ခံ၊ ခမရ (၂၁၀) တပ္ရင္း ႏွင့္ ၾကာညိဳျပင္တံတားအနီးရွိ၊ တပ္မ (၂၂) လက္ေအာက္ခံ (၂၀၉) တပ္ရင္း၊
(ဂ) ဘူးသီးေတာင္ၿမိဳ႕နယ္၊ လသာ (မူဆလင္) ေက်း႐ြာ၏ အေနာက္ဖက္၊ မီတာ (၅၀၀) ခန႔္ အကြာအေဝး၌ရွိေသာ နခခ (၈) ႏွင့္ နခခ (၆) အင္းဒင္ နယ္ျခားေစာင့္တပ္စခန္းမ်ား၊
(ဃ) ေမာင္ေတာၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္း (၂၄) ဂိတ္၊
(င) ရေသ့ေတာင္ၿမိဳ႕နယ္၊ ေရစိုးေခ်ာင္းဗ်ဴဟာကုန္း၊
(စ) ရေသ့ေတာင္ၿမိဳ႕နယ္၊ ခ်ိန္ခါလိန္ေက်း႐ြာအတြင္းရွိ၊ နခခ (၄) လက္ေအာက္ခံ၊ ခ်ိန္ခါလိန္ရဲစခန္း၊
(ဆ) ေက်ာက္ေတာ္အေျခစိုက္ ခမရ (၅၃၉) တပ္ရင္းႏွင့္ ဆႏြင္းေတာင္ကုန္း၊ စကခ (၉) ေက်ာက္ေတာ္၊
(ဇ) ေျမာက္ဦးၿမိဳ႕နယ္၊ သင္းက်စ္ေတာင္ဗ်ဴဟာကုန္း၊
(စ်) မင္းျပားၿမိဳ႕နယ္၊ က်ိန္းေတာင္ဘုရားကုန္း၊ ေတာင္ဦးစခန္းကုန္း၊ က်ီးကန္းေတာင္ ( ပြိဳင့္ ၇၁၉ ဗ်ဴဟာကုန္း) ႏွင့္ မင္းျပားၿမိဳ႕ အေျခစိုက္ ခမရ (၃၇၉) ၊ ခမရ (၃၈၀)၊ ခမရ (၅၄၁) တပ္ရင္းမ်ား၊
(ည) ပလက္ဝၿမိဳ႕နယ္၊ မီးေခ်ာင္းဗ်ဴဟာကုန္း၊
(ဋ) စကခ (၉) ၊ (၁၅) လက္ေအာက္ခံ တပ္ရင္းဌာနခ်ဳပ္မ်ားရွိသည့္ေနရာမ်ား မွ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။
စိတ္ဓာတ္ပိုင္းဆိုင္ရာ ယိုယြင္းပ်က္စီးၿပီး အနိမ့္ဆုံးအဆင့္သို႔ ေရာက္ရွိေနေသာ စစ္ေကာင္စီတပ္သည္ တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာမ်ားရွိ ၎တို႔၏ လႈပ္ရွားတပ္ရင္းမ်ားမွေန၍ လက္နက္ႀကီးမ်ားျဖင့္ တိုက္ပြဲျဖစ္သည့္ေနရာမ်ားသို႔သာမက မည္သည့္တိုက္ပြဲ ျဖစ္ပြားျခင္းမွ် မရွိသည့္ေနရာမ်ားသို႔ပါ ပစ္ခတ္တိုက္ခိုက္လ်က္ရွိသည္။
ေအာက္တိုဘာလ၊ ပထမပတ္အတြင္း ရန္သူ႔ဖက္မွ မည္သည့္တိုက္ပြဲမွ် ျဖစ္ပြားခဲ့ျခင္းမရွိဘဲ လက္နက္ႀကီးမ်ားျဖင့္ အခ်ိန္မေတာ္ ေန႔၊ ညမေ႐ြး ရပ္႐ြာမ်ားကိုပစ္မွတ္ထား ဦးတည္တိုက္ခိုက္မႈေၾကာင့္ ႐ြာ (၁၃) ႐ြာထိခိုက္ခဲ့ကာ၊ အိမ္ (၁၄) လုံးပ်က္စီး၍ လူ (၁) ေယာက္ ေသဆုံး၊ (၉)ေယာက္ ထိခိုက္ဒဏ္ရာရၿပီး၊ ႏြား (၃) ေကာင္ ေသဆုံးခဲ့ရသည္။
ယင္းအျပင္ စစ္ေရး၊ ႏိုင္ငံေရး အဖက္ဖက္၌ ခြၽတ္ၿခဳံက်လ်က္ရွိေသာ စစ္ေကာင္စီတပ္သည္ သံတြဲ၊ ေတာင္ကုတ္၊ မာန္ေအာင္၊ ရမ္းၿဗဲ၊ ေက်ာက္ျဖဴ၊ အမ္း စသည့္ၿမိဳ႕နယ္မ်ားမွ အျပစ္မဲ့အရပ္သား ျပည္သူမ်ားအား အျပစ္မရွိအျပစ္ရွာကာ အရွိန္အဟုန္ျမႇင့္ ဖမ္းဆီးလ်က္ ရွိေနသည္။
စစ္ေကာင္စီတပ္သည္ ၎တို႔အထိနာတိုင္း လုပ္ေလ့လုပ္ထရွိေသာ လုပ္ရပ္မ်ားကို ျပဳလုပ္ရင္း စစ္ရာဇဝတ္မႈ၊ လူသားမ်ိဳးႏြယ္အေပၚ ျပစ္မႈက်ဴးလြန္ျခင္း၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ျခင္းမ်ားကို ဆက္တိုက္ျပဳလုပ္လ်က္ရွိသည္။ ျဖတ္ေလးျဖတ္ဟူေသာ ေခါင္းစဥ္ေအာက္တြင္ ျပည္သူလူထုမ်ား၏ စားဝတ္ေနေရး၊ အေျခခံစားသုံးကုန္မ်ား၊ ေဆးဝါးမ်ားအပါအဝင္ မရွိမျဖစ္ေသာ အေျခခံလူသုံးကုန္ ပစၥည္းမ်ားသယ္ယူခြင့္မရေအာင္ ကုန္းလမ္း၊ ေရလမ္းမ်ားအား တင္းက်ပ္စြာပိတ္ဆို႔လ်က္ ျပည္သူမ်ား အငတ္ေဘး မဆိုက္ဆိုက္ေအာင္ လုပ္ေဆာင္လ်က္ရွိသည္။
စစ္ေကာင္စီတပ္၏ ယခုကဲ့သို႔ ျပည္သူမ်ားအေပၚ လူမဆန္စြာ ဖမ္းဆီး ႏွိပ္စက္သတ္ျဖတ္က်ဴးလြန္ေနျခင္း၊ ျပည္သူလူထုမ်ားကို အဓိကပစ္မွတ္ထား၍ ဦးတည္တိုက္ခိုက္ေနျခင္း၊ ရကၡိဳင္ႏွင့္ပလက္ဝရွိ ၎တို႔၏တပ္စခန္းမ်ားသို႔ စစ္အင္အား၊ လက္နက္ခဲယမ္းမ်ားကို အဆမတန္ျဖည့္တင္းေနျခင္းတို႔ေၾကာင့္ ေရွ႕ရက္မ်ားတြင္လည္း ရကၡိဳင္ႏွင့္ပလက္ဝေဒသမ်ား၌ တိုက္ပြဲမ်ားမွာ ေနရာအႏွံ႔ ဆက္လက္ ျဖစ္ပြားလာႏိုင္ပါသည္။
သတင္းႏွင့္ျပန္ၾကားေရး
ရကၡိဳင့္တပ္ေတာ္