APM၊ အောက်တိုဘာ ၇/၂၀၂၂
ဒေနိ (အောက်တိုဘာ ၇ ရက်နိ) မိုးထပိုင်းက အမ်းမြို့နယ်၊ တလိုင်းတောင်ရွာသား အပြစ်မဲ့အရပ်သားပြည်သူတယောက်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးလားခကြောင်း သတင်းရဟိသည်။
ဖမ်းဆီးခံရသူမှာ တလိုင်းတောင်ရွာမှ ဦးအောင်ဆန်း (၄၇နှစ်)ဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ယောက်ခန့်က သူ့ကို နီအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်လားခြင်း ဖြစ်သည်။
ယင်းသို့ ဖမ်းဆီးပြီးနောက် ဦးအောင်ဆန်းကို တလိုင်းတောင်ရွာ စစ်ကောင်စီအုပ်ချုပ်ရီးမှူး ဦးအောင်စံ အိမ်အောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း သတ်ပုတ် ရိုက်နှက်၍ လူမဆန်စွာ စစ်ဆီးနီသည်ဟု ဒေသခံများက ပြောသည်။
ဦးအောင်ဆန်းမှာ ULA အဖွဲ့ဝင်မဟုတ်မှန်း၊ နိုင်ငံရီးနန့် ပတ်သက်သူလေ့မဟုတ်မှန်းကို စစ်ကောင်စီတပ်က အတိအကျ သိကေ လေ့ ၎င်း၏ ညီဖြစ်သူကို ဖမ်းမရ၍ ဦးအောင်ဆန်းကို တသိတမင်ဖမ်းဆီးကြောင်းပြောဆိုပြီး၊ အကယ်ဒန္တိ ညီဖြစ်သူကို ခေါ်မပီး
ပါက ဦးအောင်ဆန်းကို သတ်ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
ဦးအောင်ဆန်းမှာ နိုင်ငံရီးနယ်ပယ်က မဟုတ်သည့် ကျေးရွာအတွင်း သာမန်ပြည်သူ၊ အရပ်ဖက်ဆီးဆရာတယောက်ဖြစ်ပြီး ဇနီး၊ သား ၂ ယောက်နန့်အတူ ငြိမ်းချမ်းစွာနီထိုင်သူဖြစ်ကြောင်း သိဟိရသည်။
(Zawgyi)
အမ်းမြို့နယ်မှ အပြစ်မဲ့ပြည်သူ တယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး၍ လူမဆန်စွာရိုက်နှက်စစ်ဆီးနီ
APM၊ အောက်တိုဘာ ၇/၂၀၂၂
ယင်းသို့ ဖမ်းဆီးပြီးနောက် ဦးအောင်ဆန်းကို တလိုင်းတောင်ရွာ စစ်ကောင်စီအုပ်ချုပ်ရီးမှူး ဉီးအောင်စံ အိမ်အောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း သတ်ပုတ် ရိုက်နှက်၍ လူမဆန်စွာ စစ်ဆီးနီသည်ဟု ဒေသခံများက ပြောသည်။