
APM၊ ဂျန်နဝါရီ ၇/ ၂၀၂၃
ဒေနိ(ဂျန်နဝါရီ ၇ ရက်)နိ၊ နိခင်းက နမ့်ဆန်မြို့နယ်မာ စစ်ကောင်စီတပ်၏ လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမ ၃ ယောက်အပါအဝင် ဒေသခံပြည်သူ ၅ ယောက်သီဆုံးလားပြီးကေ၊ ၆ယောက်ဒဏ်ရာပြင်းပြင်းထန်ထန် ရလားကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ ဒေနိနိခင်း ၂ နာရီ ၃၅ မိနစ်မာ တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ရွာကို စစ်ကောင်စီတပ်က မြို့သစ်ရွာကိုစစ်ကောင်စီတပ်က Jet Fighter နန့် (၂)ကြိမ်၊ ဗုံး (၅)လုံး လာရောက် ကြဲချခရေလို့ ဖော်ပြထားပါရေ။
ယင်းဂျက်ဖိုက်တာက ကြဲချခရေ ဗုံးတိစွာ စာသင်ကျောင်းမာ ကျရောက်ပေါက်ကွဲခပနာ တအာင်းအမျိုးသားပညာရီးကော်မတီ (TNEC) က ကျောင်းဆရာမ ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သီဆုံးခရပြီးကေ ရွာသား ၆ ယောက် ကျည်စထိမှန်လို့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရလားရေလို့ ဆိုပါရေ။
ယင်းအပြင် မြို့သစ်ရွာက လူနီအိမ် (၇)လုံးလည်း ကျည်စထိမှန် ပျက်စီးဆုံးယှုံးခရေလို့ ဖော်ပြပါရေ။
ဒေနိတရက်တည်းမာပင် ကွတ်ခိုင်မြိုနယ်မာ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်၊ လွယ်အွန်းစရေရွာတိကို Y12 လီယာဉ်နန့် (၉)ကြိမ်၊ ဗုံး (၅၉)လုံး လာရောက်ကြဲချခလို့ ဘုန်းကြီးကျောင်းတကျောင်း၊ သီလသျှင်ကျောင်းတကျောင်းနန့် အိမ်နှစ်လုံး ပျက်စီးခရပါသိမ့်ရေ။
အလားတူ နောင်ချိုမြို့နယ်၊ ကျောက်မဲလေးရွာကိုလည်း စစ်ကောင်စီက Mi35 နန့် (၅)ကြိမ်၊ Jet Fighter နန့် (၆)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခလို့ လူနီအိမ်(၃)လုံး မီးလောင်ပျက်စီးခကြောင်း သိဟိရပါရေ။
Photo – TNLA

