APM၊ ဂျန်နဝါရီ ၇ /၂၀၂၄
ဒေနိ( ဂျန်နဝါရီ ၇ ရက်နိ)၊ ညဇာ ၈ နာရီခွဲအချိန်လောက်မာ စစ်ကောင်စီတပ်က လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ ယမ်းကားပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်က လင်မယားနှစ်ယောက် ဒဏ်ရာရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားရေလူတိစွာ မြောက်ဦးမြို့နယ်၊ ချောင်းသစ်ရွာက ဦးအောင်ကျော်စိန် ( ၅၆ နှစ်) နန့် မယားဖြစ်သူ ဒေါ် မကျန်စိန် ( ၅၀ နှစ်)ရို့ ဖြစ်ပါရေ။
ဒေနိ ညဇာ ၈ နာရီခွဲ အချိန်လောက်ကမြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် လက်အောက်ခံ အမှတ် ( ၃၁) ရဲတပျရငျးပဈလျုကျတေ လက်နက် ကြီးကျည် ၅ လုံးအနက်က ကျည်တလုံးစွာ ချောင်းသစ်ရွာ ဦးအောင်ကျော်စိန်၏ အိမ်မာ ကျရောက်ပေါက်ကွဲခရေလို့ ဒေသခံတိက ပြောပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှူကြောင့် ဦးအောင်ကျော်စိန် ၏ ညာဖက်တင်သား နန့် ဒေါ် မကျန်စိန်၏ ဘယ် ဖက် ခြီထောက်မာ ကျည်စမှန်လားရေလို့ ဆိုပါရေ။
လက်ဟိမာ ဒဏ်ရာရလားရေ လင်မယားနှစ်ယောက်ကို ပန်းမြောင်းတိုက်နယ်ဆီးရုံသို့ အရေးပေါ် ပို့ဆောင်ထားရေလို့သိရပါရေ။
ဒေနိညဇာ ၄ နာရီခွဲလောက်ကလည်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ ပုရိန်ရွာက အချေတယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရလားခရပါသိမ့်ရေ။