APM ၊ ဂျန်နဝါရီ ၇ / ၂၀၂၃
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဟုဆိုကာ ကုန်ခသည့်၂၀၂၂ ခုနစ် နိုဗမ်ဘာနန့် ဒီဇမ်ဘာလအတွင်း နှုတ်ထွက်စာတင်ခကတ်သည့် ပုဏ္ဏားကျွန်းနှင့်ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရီးမှူး ၉၀ခန့်သည်ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏တိုက်တွန်းချက်ဖြင့် တာဝန်ပြန်ထမ်းဆောင်ရန် သဘောတူလိုက်ကြောင်း သိရသည်။
အုပ်ချုပ်ရီးမှူးများ နှုတ်ထွက်စာတင်ခကတ်ပြီးနောက်ပိုင်း ဒေသခံပြည်သူများမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် နန့်တခြားထောက်ခံစာများပြုလုပ်ရာတွင် အခက်အခဲများဖြင့် ရင်ဆိုင်လာကတ်ရသဖြင့် ဒေဂုနှစ် ဂျန်နဝါရီ ပထမ အပတ်အတွင်း ULA/AA တာဝန်ဟိသူများက တိုက်တွန်းပြောဆိုခ၍ ပြန်လည် တာဝန်ထမ်းဆောင်ရန် သဘောတူ ခကတ်သည်ဟု ကျေးရွာအုပ်ချုပ်ရီးမှူးများက ဆိုသည်။
အုပ်ချုပ်ရီးမှူးများ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ULA/AA က တိုက်တွန်းခသည်ဆိုခြင်းနန့်ပတ်သက်၍ အတည် ပြုချက် ရယူနိုင်ရန် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခအား APM က ဆက်သွယ်လျက်ဟိသည်။
ပြီးခသည့် ရက္ခိုင်ပြည်တိုက်ပွဲကာလများအတွင်း ကျေးရွာအုပ်ချုပ်ရီးမှူးများကို မြန်မာစစ်တပ်က သံသယအမျိုး မျိုးဖြင့်မတရားဖမ်းဆီး၍တရားစွဲဆိုခသည့်အတွက် နှုတ်ထွက်စာတင်ပြီးနှုတ်ထွက်ခသည့် ကျေးရွာအုပ်ချုပ်ရီးမှူး များလေ့ အများအပြား ဟိခကြောင်းသိရသည်။