
APM ၊ ဂျန်နဝါရီ ၇ / ၂၀၂၃
ရက္ခိုင်ပြည်၊ မောင်တောနယ်စပ် ကုန်သွယ်ရီးစခန်းမှ တဖက် ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ဒီဇမ်ဘာ တလအတွင်း ငါးမြစ်ချင်း အမေ ရိကန် ဒေါ်လာ ၈ သိန်းကျော်ဖိုး တင်ပို့နိုင်ခကြောင်း သိရသည်။
“မောင်တောတွင် တဖက်ဘင်္ဂလားဒေ့ချ်သို့ ငါးမြစ်ချင်းတင်ပို့နီသည့် ကုမ္ပဏီ ၃ ခုဟိပြီး ကုန်ခသည့် ဒီဇမ်ဘာ တလ အတွင်း ငါးမြစ်ချင်း စုစုပေါင်း တန်ချိန် ၇၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖိုး တင်ပို့နိုင်ခကြောင်း” မောင်တောမြို့ခံ ကုန်သည်ကြီးများက ပြောသည်။
ပြီးခသည့်တကျော့ပြန်တိုက်ပွဲကာလ ဩဂတ်စ် ၁၃ ရက်နိမှစ၍ အငူမော်-မောင်တောကားလမ်းအပါအဝင် ကုန်း လမ်း၊ ရီလမ်းများကို မြန်မာစစ်တပ်က ပိတ်ထားခ၍ ရက္ခိုင် – ဘင်္ဂလားဒေ့ချ်နယ်စပ် ကုန်သွယ်ရီးလမ်းကြောင်း များလေ့ ပိတ်လားခရသည်။
ယင်းနောက် AA နန့်မြန်မာစစ်တပ်ရို့ နိုဗမ်ဘာ ၂၆ ရက်နိမှစ၍ အပစ်ရပ်လိုက်သည့်နောက်တွင် မြန်မာစစ်တပ်က လမ်းများကို ပြန်ဖွင့်ပီးလိုက်၍ နယ်စပ်ကုန်သွယ်ရီးလုပ်ငန်းများမှာလေ့ ပုံမှန်လည်ပတ်လာနိုင်သည်။
အပစ်ရပ်ပြီးနောက် ကုန်ခသည့် ဒီဇမ်ဘာအတွင်း ရက္ခိုင်ပြည်၊မောင်တောနယ်စပ် ကုန်သွယ်ရီးစခန်းမှ တဖက် ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ငါးမြစ်ချင်း၊ ငါးခြောက်နန့် ကွမ်းသီးအပါအဝင် တခြားကုန်ပစ္စည်းများ တင်ပို့ခပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် တင်ပို့နိုင်ခကြောင်း သိရသည်။
