APM၊ ဒီဇမ်ဘာ ၆/၂၀၂၂
ရက္ခိုင်ပြည်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်လိုက်သည့်နောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုများ၏ စပါးခင်းများအား ဆက်လက်၍ ဝိုင်းဝန်းကူညီရိတ်သိမ်းပီးနီကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိ( ဒီဇမ် ဘာ ၆ ရက်နိ) တွင် ရုပ်သံနန့်တကွ ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်မြို့နယ်တချို့ ၌ အချိန်မီ ချက်ချင်းရိတ်သိမ်းရန် လိုအပ်နီသည့် လယ်ကွင်းများမှ ရင့်မှည့်စပါးများနန့် လယ်ပိုင်သျှင်များမှာ စစ်ဖီးယှောင်များ ဖြစ်နီသောကြောင့် ကိုယ်တိုင်လာရောက်ရိတ်သိမ်းရန် မလွယ်ကူသော လယ်ကွင်းများမှ စပါးများကို မိမိရို ရက္ခိုင့်တပ်တော် စစ်သည်များနန့် ULA အဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုများနန့် ပူး ပေါင်း၍ လည်းကောင်း၊ လယ်ပိုင်သျှင်များကိုယ်စား လည်းကောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နိမှစ၍ စတင်ရိတ်သိမ်းပီးနီခသည်။ ထိုအတူ ရိတ်သိမ်းရန် ကျန်ဟိနီသိမ့်သော စပါးခင်းများကိုလေ့ မိမိရိုမှ ဆက်လက်၍ ရိတ်သိမ်းပီးလျက်ဟိပါသည်” ဟု ဖော်ပြထား သည်။
AA နန့် မြန်မာစစ်တပ်ရို့သည် နိပွန်ဖောင်ဒေးသျှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရီးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင် ဆောင်ရွက်ပီးမှုဖြင့် ကုန်ခသည့် နိုဗမ်ဘာလ (၂၆) ရက်နိမှစ၍ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို နှစ်ဖက်သဘောတူအလွတ်သဘော ခေတ္တယာယီရပ်တန့်ခကတ်သည်။
ယင်းနိမှစ၍ ULA/AA တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူ လူထုများ၏ စပါးခင်းများကို အင်တိုက် အားတိုက် ကူညီရိတ်သိမ်းပီးနီကြောင်း ဒီဇမ်ဘာ ၁ ရက်နိက ရုပ်သံမှတ်တမ်းနန့်တကွ ပထမအကြိမ်ထုတ်ပြန်ခသိမ့်သည်။
ယင်းနောက် ULA/AAတပ်ဖွဲ့ဝင်များအနီနန့်ဒေနိအထိလေ့ ဆက်လက်၍ ကူညီရိတ်သိမ်းပီးလျက်ဟိကြောင်း ရက္ခိုင့်တပ်တော်မှ ဒုတိယအကြိမ်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။