
APM၊ ဒီဇမ်ဘာ ၆/၂၀၂၂
အပစ်ရပ်ပြီးနောက် မြန်မာစစ်တပ် ဇက်ရီယာဉ်မှ ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းလားလာနီသည့် ဒေသခံ စက်လှီသမားများထံမှသိမ်းဆည်း ထားသော ငွေကြေး၊ ပစ္စည်းများကို မြန်မာစစ်တပ်ကဒီဇင်ဘာ ၅ ရက်နိမှာ ပြန်လည်ပီးအပ်ကြောင်းသိရသည်။
ယင်းဇက်ရီယာဉ်သည် ကုန်ခသည့် ဒီဇမ်ဘာ ၁ ရက်နိနန့် ၂ ရက်နိက ရသေ့တောင်မြို့နယ် စေတီပြင်ချောင်းဝနား၌ ရပ်နားကာ ဖြတ်သန်းလားလာသည့် စက်လှီများအား ရပ်တန့်ခိုင်းလျက် တစီးလျှင် ငွေ ကျပ် တသိန်းနန့်အတူ စားသုံးဆီ တဗူးစီ စက်လှီ ၃၀ ခန့်ထံမှ သိမ်းဆည်းခခြင်းဖြစ်သည်။
ဇက်ရီယာဉ်မှသိမ်းဆည်းထားသော အဆိုပါ ငွေကြေးနန့် ပစ္စည်းများကို AA ကြားဝင်ဆောင်ရွက်မှု ဖြင့် ဒီဇမ်ဘာ ၅ ရက်နီ၌ မြို့နယ်အုပ်ချုပ်ရီးမှူးရုံးတွင် မြန်မာစစ်တပ် တာဝန်ဟိသူများမှ စက်လှီသမားများကို ခေါ်ယူကာ အခမ်းအနားနန့်ပြန် လည် အပ်နှံခသည်။
ယင်းနောက် ၎င်း ဇက်ရီယာဉ်လေ့ ယင်းစေတီပြင်ချောင်းဝမှ ပြန်လည်ဆုတ်ခွာလားခကြောင်းသတင်းရဟိပါ သည်။
