
APM၊ စပ်တမ်ဘာ ၆/ ၂၀၂၃
ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သီဆုံးလူ ၂၁ယောက်ဟိလာပြီး လူပေါင်း ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခရကြောင်း အာဏာပိုင်များက စပ်တမ်ဘာ ၅ ရက်နိတွင် ထုတ်ပြန်သည်။
စပ်တမ်ဘာ ၄ရက်နိက စတင်တိုက်ခတ်ခသည့် အဆိုပါတိုင်ဖွန်းမုန်တိုင်းကြောင့် မျူကန်မြို့တွင် လူ ၁၅ ယောက် သီဆုံးခပြီး ရီယို ဂရန်းဒေး ဒိုဆိုလ်ပြည်နယ်သည် လူသီဆုံးမှုအများဆုံးဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရီးမှူး Eduardo Leite က ဆိုသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ရီယို ဂရန်းဒေး ဒိုဆိုလ်ပြည်နယ်တွင် လူပေါင်း ၁၆၅၀ အိုးမဲ့အိမ်မဲ့ဖြစ်ခရပြီး မြို့ပေါင်း ၆၀ လောက် မုန်တိုင်းဒဏ်ကို ခံခရကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဘရာဇီးနိုင်ငံတွင် ကုန်ခသည့် ဂျူန်လအတွင်းကလည်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ရီယိုဂရန်းဒေး ဒိုဆိုလ် ပြည်နယ်မှ လူ ၁၆ ယောက် သီဆုံးခပြီး မြို့ပေါင်း ၄၀ တွင် ပျက်စီးဆုံးယှုံးမှုများ ဖြစ်ပေါ်ခသည်။
Source – Fierce storm in southern Brazil kills at least 21 people and displaces more than 1,600
Photo – AP
