
APM ၊ စပ်တမ်ဘာ ၆ / ၂၀၂၃
ရက္ခိုင်တွင် စပ်တမ်ဘာ ၅ ရက်နိ တရက်တည်းအတွင်း အချေ နှစ်ယောက်အပါအဝင် လူ ၄ ယောက် ရီမြုပ်သီဆုံးလားကြောင်း သိရသည်။
ရီမြုပ်သီဆုံးလူများမှာ မြောက်ဦးမြို့နယ်က ၁ ယောက်၊ မြေပုံမြို့နယ်က ၁ ယောက်နန့် မောင်တောမြို့နယ်က ၂ ယောက်ဖြစ်သည်။
မြောက်ဦးမြို့နယ်က ၁ ယောက်မှာ ဆင်အိုးချေရွာက အဖ ဦးမောင်ဘသန်း၊ အမိ ဒေါ် ဦးတင်အေးရို့၏ သား အသက် ၂ နှစ်အရွယ် မောင်ချစ်ကိုဖြိုးဖြစ်သည်။
မောင်ချစ်ကိုဖြိုးသည် စပ်တမ်ဘာ ၅ ရက်နိ နိခင်း ၁၂ နာရီလောက်က တခြားအချေတယောက်နန့်အတူကဇတ်နီစဉ် အိမ်နောက်ဖက်ဟိ လေးမြို့မြစ်ထဲကျကာ ရီစီးနန့်အတူ မျောပါပျောက်ဆုံးလားခြင်းဖြစ်ပြီး လက်ဟိအချိန် ပြန်ရှာမတွိသိမ့်ဟု သိရသည်။
မြေပုံမြို့နယ်က တယောက်မှာ ဝက်ဂေါင်းရွာမှ ကိုအောင်အောင်ဖြိုး (၂၇ နှစ်) ဖြစ်ပြီး သူသည်လည်း စပ်တမ်ဘာ ၅ ရက်နိ နိခင်း ၁၂ နာရီကျော်က ရွာအနောက်ဖက် ပုဇွန်တာ၌ ငါးရှာလားစဉ် ယင်းပုဇွန်တာမှာပင် ရီမြုပ်သီဆုံးလားခခြင်းဖြစ်သည်။
အလားတူ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်က မူဆလင်သားအမိ နှစ်ယောက်လည်း စပ်တမ်ဘာ ၅ ရက်နိညဇာ ၂ နာရီလောက်က မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာသို့လားစဉ် ပန်းတောပြင် ရွာချောင်းကူးတန်းထား ထက်မှပြုတ်ကျလားခရာ နှစ်ယောက်စလုံးရီမြုပ်သီဆုံးလားခရသည်။
ရက္ခိုင်တွင် ဒေရက်ပိုင်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးမှုများ နိတိုင်းဆိုပိုင် ဖြစ်ပွားလျက်ဟိသည်။
ကုန်ခသည့် ဩဂတ်စ်လကလည်း ရက္ခိုင်ပြည်မြို့နယ်များ၌ အကြောင်းအမျိုးမျိုးကြောင့် ရီမြုပ်သီဆုံးလူ ၃၀ နီးပါးအထိဟိကြောင်း သိဟိရသည်။
