APM ၊စပ်တမ်ဘာ ၆ /၂၀၂၃
မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ စားဝတ်နီရီး အခက်အခဲများနန့် ရင်ဆိုင်နီကတ်ရကြောင်း သိရပါသည်။
တိန်ညိုစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၆၈၀ နန့် လူဦးရေ၂၁၁၆ ယောက်ခိုလှုံလျက်ဟိပြီး အများစုမှာ မြောက်ဦးမြို့နယ် ဝေသာလီ၊ အောက်သားကန်၊ ပေါက်ပင်ကွင်း၊ ဘူးရွက်မညိုး စသည့်ကျေးရွာ များမှဖြစ်သည်။
ယင်းစခန်းဟိ စစ်ဖီးယှောင်အများစုသည် လက်ဟိတွင် နိစား အလုပ်လုပ်ကိုင်နီကတ်ရသူများဖြစ်ပြီး လက်ဟိ အလုပ်အကိုင် ယှားပါးနီ၍ စားဝတ်နီရီးမှာ အခက်အခဲနန့် ရင်ဆိုင်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် အကူအညီများလာရောက်မှု နည်းပါး၍လည်း ပိုအခက်ကြုံကတ်ရပြီး တချို့မိသားစုများမှာ မလောက်မငှစားသောက်နီကတ်ရသည် ဟုဆိုသည်။
အဆိုပါစစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်များမှာ နီးစပ်ရာ ကျေးရွာများတွင် နိစားအလုပ်ဖြင့် အသက်မွီးဝမ်း ကျောင်းပြုနီထိုင်ကတ်ခြင်းဖြစ်ပြီး မုန်တိုင်းတိုက်ပြီးနောက်တွင် အလုပ်အကိုင်များယှားပါးလာမှုကြောင့် ပြည်ပသို့ ထွက်ခွာသူများလေ့ ဟိကြောင်းသိရသည်။