
APM ၊ စပ်တမ်ဘာ ၆ / ၂၀၂၃
စပိန်လာလီဂါကလပ် ဗီလာရီးရဲအသင်းသည် ဒေဂုရာသီအစတွင် စွမ်းဆောင်ရည်ရလဒ်ဆိုးဝါး၍ နည်းပြဖြစ်သူ ဆက်တီယန် ကို အသင်းနည်းပြရာထူးမှ ထုတ်ပယ်လိုက်ကြောင်း စပ်တမ်ဘာ ၅ ရက်နိတွင် ပြောကြားသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဗီလာရီးရဲကို တာဝန်ယူခသည့် နည်းပြ ဆက်တီယန် သည် ဒေဂုရာသီ လာလီဂါပွဲစဉ် ၄ ပွဲ ကိုင်တွယ်ထားရာ ၄ ပွဲစလုံးယှုံးနိမ့်ခပြီးနောက် အသင်းနည်းပြနီရာမှ ထုတ်ပယ်ခံခရခြင်း ဖြစ်သည်။
နည်းပြ ဆက်တီယန် လက်ထက်မှာ အသင်းက ကောင်းမွန်ရေရာသီတခုနန့် အဆင့် (၅) နီရာသို့ ရောက်ခပါရေ။ ယေပြီးကေ လူငယ်အသင်းကနီ လူငယ်ကဇတ်သမားတိကိုလည်း မြှင့်တင်ပီးနိုင်ခပါသိမ့်ရေ။ သူ့၏ စွမ်းဆောင်ရည်အတွက် အသင်းအနီ နန့် ကျေးဇူးအထူးတင်ပါရေ ဟု ကလပ် က ဆိုသည်။
လက်ဟိ ဗီလာရီးရဲအသင်းကို အားကဇတ်ဒါရိုက်တာ တီနာ က ယာယီတာဝန်ယူလားမည်ဖြစ်ကြောင်း ကလပ်အသင်းက ထုတ်ပြန်ခသည်။
Source-Villarreal sack manager Setien after poor LaLiga start
Photo-ESPN
