APM ၊ စပ်တမ်ဘာ ၇/၂၀၂၃
မြောက်ဦးမြို့နယ်တွင် သုံးရက်ကြာပျောက်ဆုံးနီသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးတယောက်ကို ဒေနိ(စပ်တမ်ဘာ ၇ ရက်နိ) မိုးထက ရီမြုပ်သီဆုံးလျက် အလောင်းပြန်တွိရကြောင်းသိရသည်။
သီဆုံးလျက် အလောင်းပြန်တွိရသူမှာမြောက်ဦးမြို့နယ်၊ သူငယ်တော်ရွာမှ ဦးခိုင်အောင်ထွန်း (၄၂နှစ်) ဖြစ်သည်။
ဦးခိုင်အောင်ထွန်းသည် စပ်တမ်ဘာ ၄ ရက်နိ၌ကဏန်းဗုံးထောင်ရန် အိမ်ကထွက်လားခပြီးနောက် ပျောက်ဆုံးလားခြင်းဖြစ်သည်။
ယင်းနောက် ရွာသားများက ဝိုင်ဝန်းရှာဖွီကပ်ရာ ၃ ရက်ကြာ ဒေနိမိုးထ ၁၀ နာရီလောက်က မြောက်ဦးမြို့နယ် တင်းထန်ရန် ရွာအနားမြစ်ကမ်းစပ်၌ ရီမြုပ်သီဆုံးနီသည့် ဦးခိုင်အောင်ထွန်း၏ ရုပ်အလောင်းကို ပြန်တွိခရသည်။
ဦးခိုင်အောင်ထွန်း၏ ရုပ်အလောင်းကို ဒေနိ မိုးထ ၁၁ နာရီကျော်က တင်းထန်ရန်ကျေးရွာသင်္ချိုင်း၌ မြီမြှုပ်သင်္ဂြိုလ်လိုက်ကြောင်းသိဟိရသည်။