APM ၊ စပ်တမ်ဘာ ၆ / ၂၀၂၃
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)သည် စပိန်အမျိုးသမီးဘောလုံးအသင်း ဥက္ကဌ ရူဘီယာလက်စ်၏ အောင်ပွဲခံအနမ်း နောက်ဆက်တွဲအယှုပ်တော်ပုံကြောင့် စပိန်အသင်းနည်းပြ ဟော်ဟဲဗယ်လ်ဒါကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း စပ်တမ်ဘာ ၅ ရက်နိတွင် အတည်ပြုကြေညာသည်။
စပိန်ဘောလုံးအဖွဲ့ချုပ်သည် ဥက္ကဋ္ဌ ရူဘီယာလက်စ်၏ အောင်ပွဲခံအနမ်းနောက်ဆက်တွဲပြဿနာကြောင့်တာဝန် ဆိုင်းငံ့ထားပြီး သုံးပတ်မပြည့်ခင်မှာ နည်းပြဟော်ဟဲဗယ်လ်ဒါကို ရာထူးမှ ထုတ် ပယ်ကာ ၎င်း၏နီရာတွင် အသင်းအား ကိုင်တွယ်ရန်အတွက် မွန်ဆီတွန်ကို တရားဝင်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
မွန်ဆီတွန်သည် စပိန်အသင်းအား ကိုင်တွယ်ရန် ရာထူးပီးအပ်ခံထားရသည့် ပထမဆုံးအမျိုးသမီးနည်းပြ ဖြစ်လာသည်။
ယင်းအပြင် စပိန်ဘောလုံးအဖွဲ့ချုပ်က နည်းပြ ဟော်ဟဲဗယ်လ်ဒါကို ရာထူးမှထုတ်ပယ်လိုက်ခြင်းအပေါ် တိကျ သည့်အကြောင်းပြချက်မပီးဘဲ ဘောလုံးကွင်းအတွင်း လေးစားမှုနန့် အားကဇတ်စွမ်းရည်ကို မြှင့်တင်ပီး သူတယောက်ဖြစ်ကြောင်း ပြောကြားခသည်။
အသက် ၄၂ နှစ်အရွယ် နည်းပြ ဟော်ဟဲဗယ်လ်ဒါသည် ကုန်ခသည့် ၂၀၁၅ ခုနှစ်က စပိန်အမျိုးသမီးအသင်းကို စတင်တာဝန်ယူခပြီး အသင်းအား ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ -၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် ကူညီပီးခသည်။
Source – Coach of Spains Womens Soccer Team Is Fired / The New York Times
Photo – The Athletic