APM ၊ စပ်တမ်ဘာ ၆ / ၂၀၂၃
ဂရိ၊ တူရကီနန့် ဘူလ်ဂေးရီးယားရို့တွင် ပြင်းထန်သည့် မိုးရွာသွန်းမှုကြောင့် ရီကြီးမှုများဖြစ်ပေါ်နီကာ ဒေနိ (စပ်တမ်ဘာ ၆ ရက်နိ) တွင် လူ ၅ ယောက် ထပ်မံသီဆုံးခရာ သီဆုံးလူ ၁၂ ယောက် ဟိလာကြောင်း သိရသည်။
ဘူဂေးရီးယားနယ်စပ်အနား တူရကီအနောက်မြောက်ပိုင်းတွင် သီဆုံးနီသည့် ရုပ်အလောင်း ၅ လောင်းကို ဒေနိတွင် ကယ်ဆယ်ရီး သမားများက ရှာတွိခပြီး နောက်ထပ် လူ ၂ယောက်လည်း ပျောက်ဆုံးနီသည်ဟု ဆိုသည်။
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် စပ်တမ်ဘာ ၅ ရက်နိက ရီကြီးမှုကြောင့် လူ ၂ယောက် သီဆုံးခပြီး မိုးကြီးရီကြီးမှုကြောင့် မြို့တွင်းဟိ အိမ်ခြီ ၁၇၅၀ ကျော်နန့် စီးပွားရီးလုပ်ငန်းများ ထိခိုက်ခကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရီးမှူးရုံးက ထုတ်ပြန်သည်။
အလားတူ ဂရိနိုင်ငံ၊ ဗော်လိုစ်မြို့တွင် မိုးပြင်းထန်စွာရွာသွန်းမှုကြောင့် ၂ရက်အတွင်း လူ ၂ ယောက်သီဆုံးပြီး ၃ ယောက် ပျောက် ဆုံးနီကြောင်း သိရသည်။
ဗော်လိုစ်မြို့တွင် စပ်တမ်ဘာ ၆ ရက်နိကစ၍ လျှပ်စစ်မီးပြတ်တောက်ခပြီး ဂရိအစိုးရသည် တောင်ပေါ်ဒေသများနန့် အပန်းဖြေ စခန်းများသို့ ခရီးလားလာမှု တားမြစ်ထားသည်။
ယင်းအပြင် ဘူဂေးရီးယားနိုင်ငံတောင်ပိုင်း ပင်လယ်နက်ကမ်းရိုးတန်းတွင် ဒေနိ(စပ်တမ်ဘာ ၆ ရက်နိ)၌ ရီကြီးမှုကြောင့် လူ ၃ ယောက် သီဆုံးခပြီး ပျောက်ဆုံးနီသည့် လူ ၃ယောက်ကို ရှာဖွီနီကြောင်း ဒေသခံမီးသတ်တပ်ဖွဲ့က ဆိုသည်။
ဘူဂေးရီးယား ခရီးလားလာရီးဌာနက ဘူဂေးရီးယားနိုင်ငံ၏ တောင်ဖက် ပင်လယ်နက်ကမ်းရိုးတန်းတွင် မိုးကြီးရီကြီးမှုကြောင့် လူပေါင်း ၄၀၀၀ လောက်ထိခိုက်ခပြီး သယ်ယူပို့ဆောင်ရီးလုပ်ငန်းများ အခက်အခဲဖြစ်နီကြောင်း ပြောကြားထားသည်။
Source – The death toll from fierce storms and flooding in Greece, Turkey and Bulgaria rises to 12
Photo – AP