APM ၊စပ်တမ်ဘာ ၅ /၂ဝ၂၃
စပ်တမ်ဘာ ၉ ရက်နိတွင် ကျရောက်မည့် (၈၄) နှစ်မြောက် အာသျှနီဝန်း၊ မြန်မာ့လွတ်လပ်ရီးမီးရှူးတန်ဆောင်၊ ရက္ခိုင်အာဇာနည်ဆရာတော် အသျှင်ဥတ္တမနိအခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် စပ်တမ်ဘာ ၁၀ ရက်နိ၌ ကျင်းပပြုလုပ်လားမည်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားကို ဂျပန်ဟိ ရက္ခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး တိုကျိုမြို့၏ Takadanobaba, Recycling, Activity, Center 2F တွင် စပ်တမ်ဘာ ၁ဝ ရက်နိ၊ ဒေသစံတော်ချိန် ညဇာ ၅ နာရီမှ ညည့် ၉ နာရီအထိ ကျင်းပလားမည်ဖြစ်ကြောင်း ANDP က အသိပီးထုတ်ပြန်ထားသည်။
အဆိုပါ အခမ်းအနားတွင် အာရက္ခနိုင်ငံတော်တေးခြင်းသီဆိုဖွင့်လှစ်ခြင်း၊ ကျဆုံးခသည့် အာဇာနည် သူရဲကောင်း များအတွက် ဆုတောင်းဂါရဝပြုခြင်း၊ ဆရာတော်အသျှင်ဥတ္တမအားလွမ်းသူ့ပန်းခွေဖြင့် ဂုဏ်ပြုဂါရဝပြုခြင်းနန့် တက်ရောက်လာကတ်သည့် ဂေါင်းဆောင်အသီးသီးမှ ဂုဏ်ပြုစကားများ ဟောပြောခြင်းစသည့် အစီအစဉ်များနန့် ပြုလုပ်လားမည်ဟုဆိုသည်။
အခမ်းအနားသို့ တိုင်းရင်းသားဂေါင်ဆောင်များ၊ ဂျပန်အဖွဲ့အစည်းများ၊ တော်လှန်ရီးအင်အားစုများအပါအဝင် အဖွဲ့အစည်း (၉) ဖွဲ့မှ လူပေါင်း ၂၀၀ ကျော်ကို ဖိတ်ကြားထားကြောင်းသိရသည်။