APM ၊ စပ်တမ်ဘာ ၆/ ၂၀၂၃
မြောက်ဦးမြို့နယ်၊ကင်းချောင်းရွာမှ ၈ ရွာကိုဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းမှာ လက်ဟိ၌ ပျက်စီးနီ၍ ဒေသခံများလားလာရီးအခက်ကြုံနီကတ်ရကြောင်း သိရသည်။
ကင်းချောင်းရွာမှ ကုလားချောင်၊ တင်းတိန်ကန်၊ အုပ်ကန်၊ တိန်ညို၊ သင်ဖောကန်၊ မင်္ဂလာစည်နန့် ငခူရွာ စသည့်ရွာများ ဆက်သွယ်ထားသည့်လမ်းမကြီးမှာ လက်ဟိ၌ ဆိုးဆိုးဝါးဝါးပျက်စီးနီသည်။
အဆိုပါလမ်းသည် မြီသားလမ်းဖြစ်ပြီး မိုးကြီး၍ မိုးရီများတင်ကျန်ခမှုကြောင့် တစတစ ပျက်စီးလာကာ လက်ဟိ၌ လားလာရီးလုံးဝအဆင်မပြေဖြစ်နီကြောင်း ဒေသခံများက ပြောသည်။
ယင်းလမ်းမကြီးမှာ ဒေသခံများအဓိကထား ကုန်စည်းသယ်ပို့ဆောင်နီကပ်သည့် လမ်းဖြစ်ပြီး အဂုပိုင်ဆိုးဆိုးဝါးဝါး ပျက်စီးနီ၍ လူမှုစီးပွားရီးအတွက်များစွာ ထိခိုက်နီကပ်ရသည့်အပြင် အရေးပေါ်လူနာများအား ဆီးရုံ၊ ဆီးခန်းသို့ ပို့ဆောင်ရာတွင်လည်းအချိန်ကြန့်ကြာမှုများဟိနီ၍ အသက်အန္တရာယ်ကိုပင် စိုးရိမ်နီကတ်ရသည်ဟုဆိုသည်။
ယင်းအပြင် ယင်းလမ်းမကြီတလျှောက် ဗြီးဆွဲနီကတ်ရသည့် ကားသမားများနန့် ဆိုင်ကယ်ကယ်ရီဆွဲလူများမှာလည်း လမ်းပျက်စီးနီ၍ ရပ်နားထားရပြီး ကြုံရာကျဘမ်း ဝင်လုပ်ကာ စားဝတ်နီရီးအတွက် ရုန်ကန်နီကတ်ရကြောင်း သိဟိရသည်။