
APM ၊ စပ်တမ်ဘာ ၆ / ၂၀၂၃
ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဒေသခံများ ပိုင်ဆိုင်သည့် ကျွှဲနွားများကို ဖမ်းယူကာ ငွေညှစ်မှုများပြုလုပ်လျက်ဟိကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒေနိ(စပ်တမ်ဘာ ၆ ရက်နိ) မိုးထ ၈ နာရီလောက်က ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်တန်းထားတွင် အခြီ ပြုလျက်ဟိသော မြန်မာစစ်တပ်၊ တပ်မ (၂၂) လက်အောက်ခံ ခမရ(၂၁၀) တပ် ရင်းမှ တပ်ဖွဲ့ဝင် ၁၂ ယောက်နန့် နခခ(၃) လက်အောင်ခံ အမှတ်(၉)နယ်ခြားစောင့် ကင်းစခန်းမှ ဒုဗိုလ် သန်းမြတ်စိုး ဆိုသူ ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၆ ယောက်သည် ဖုံညိုလိပ်ရွာ အမှတ်(၁၄) ရပ်ကွက်ဟိ မာမောက်အီလီယာစ်(ခ)လာလာယာ၊ အီနူစ်၊ အဒူဟာဒက်ရို့ ၃ ယောက်ပိုင်ဆိုင်သော ခရီးလားနွားအကောင် ၄၀ ကို ဖမ်းယူလားခသည်။
ယင်းမှတဆင့် ၎င်းရို့သည့် ကံဒက်ရွာဖက်သို့ဆက်လက်ထွက်ခွာလာပြီး ကံဒက်ရာအနား နနွင်းတူးရွာမှ ကော်ဘီ(၃၄နှစ်) ပိုင်ဆိုင်သော နွား ၄ ကောင်နန့် ကျွဲ ၁ကောင်ကိုပါ တပါတည်းဖမ်းယူလားခကတ်သည်။
ယင်းသို့ဖမ်းယူလားပြီးနောက် နွားပိုင်သျှင်များဖြစ်သော မာမောက်အီလီယာစ်(ခ)လာလာယာနန့် ကော်ဘီရို့ကို ခေါ်ယူကာ မာမောက်အီလီယာစ်ထံမှ နွားအကောင် ၄၀ အတွက် ငွေ ၉၁ သိန်း ကျပ်နန့် ကော်ဘီထံမှ နွား ၄ ကောင်၊ ကျွှဲ ၁ ကောင်အတွက် ငွေ ၁၁ သိန်းကျပ်၊ စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ကို တောင်းယူခပြီးမှ ပြန်လွှတ်ပီးလိုက်ကြောင်း သိရသည်။
