
APM၊ စပ်တမ်ဘာ ၆/ ၂၀၂၃
Myanmar Now သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ဒေနိ(စပ်တမ်ဘာ ၆ရက်)နိတွင် စစ်ကောင်စီက အလုပ်ကြမ်းနန့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း သိရသည်။
ကိုစိုင်းဇော်သိုက်သည် ကုန်ခသည့် မေ ၂၃ ရက်နိတွင် စစ်တွေမြို့၌ စစ်ကောင်စီက ဖမ်းဆီးခပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခသည်။
ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက သဘာဝဖီးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇(ထိတ်လန့်စီမှု)၊ ဆူပူ အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရီးဥပဒေပုဒ်မ ၆၆(ဃ)နန့် နိုင်ငံတော်အကြည်ညိုပျက်စီမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ ရို့နန့် တရားစွဲဆိုခသည်။
ယင်းနောက် အင်စိန်ထောင်တွင်း စစ်ခုံရုံးတွင် ပထမဆုံးရုံးချိန်း၌ အလုပ်ကြမ်းနန့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကုန်ခသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နိကလည်း ရန်ကုန်မြို့မှ ဆန္ဒပြပွဲတခုတွင် သတင်းယူနီသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ၄လကြာ ချုပ်ထားခပြီးနောက် ၂၀၂၁ခုနှစ်၊ ဂျုန် ၃၀ရက်နိတွင် ပြန်လွှတ်ပီးခသည်။
ယင်းအပြင် စစ်ကောင်စီသည် Myanmar Now သတင်းဌာနကိုလည်း ၂၀၂၁ ခုနှစ်တွင် ဝင်ရောက်စီးနင်းခပြီး အယ်ဒီတာချုပ် ဦးဆွေဝင်းနန့် တခြားအယ်ဒီတာတချို့ကို တရားစွဲဆိုခကာ ၎င်းရို့၏ နီအိမ်များကို ချိပ်ပိတ်ထားကြောင်းသိဟိရသည်။
Photo – CJ
