
APM၊ စပ်တမ်ဘာ ၆/ ၂၀၂၃
မြန်မာပြည်တွင် အခြီစိုက်လုပ်ယှားနီသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်နီလူ ၂၆၉ ယောက်ကို ဖမ်းမိခကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရီးဝန်ကြီးဌာနက စပ်တမ်ဘာ ၅ ရက်နိတွင် သတင်းထုတ်ပြန်သည်။
မြန်မာနန့် တရုတ်ပူးပေါင်းပြီး ကုန်ခသည့် စပ်တမ်ဘာ ၃ရက်နိတွင် မြန်မာပြည်မြောက်ပိုင်းဟိ အွန်လိုင်းငွေလိမ်ဂိုဏ်း ၁၁ ခုကို ဝင်ရောက်ဖမ်းဆီးခရာ ဒေဂုပိုင် အွန်လိုင်းရာဇဝတ်မှုများကျူးလွန်နီလူများ ဖမ်းမိခခြင်းဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးရမိသည့် အွန်လိုင်းရာဇဝတ်မှုကျူးလွန်လူများတွင် တရုတ်နိုင်ငံသား ၁၈၆ ယောက်၊ မြန်မာပြည်သား ၆၆ယောက်၊ ဗီယက်နမ်နိုင်ငံသား ၁၅ ယောက်၊ မလေးသျှားနိုင်ငံသား ၂ယောက်ပါဝင်ကြောင်း ဖော်ပြထားသည်။
ယင်းအထဲတွင် နောက်ကွယ်မှထောက်ပံ့လူ၊ အဖွဲ့ဂေါင်းဆောင်နန့် အမာခံအဖွဲ့သား ၂၁ ယောက်၊ လူသတ်တရားခံ ၁ ယောက်အပါအဝင် တရားခံဗြီး ၁၃ ယောက်ပါဝင်ကြောင်းလည်း သိရသည်။
ယင်းအပြင် ပြစ်မှုကျူးလွန်လူများ အသုံးပြုသည့် ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ဖုန်းကတ်၊ ဘဏ်ကတ်နန့် တခြားလိမ်ညာမှုလုပ်သည့် စာရွက်စာတမ်းနန့် ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခသည်ဟု ဆိုသည်။
လက်ဟိတွင် ပြစ်မှုကျူးလွန်ခသည့် တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းရယူထားပြီး စစ်ဆီးမှုများပြုလုပ်ကာ ပြင်းထန်စွာ အရေးယူလားမည်ဖြစ်ကြောင်း သိဟိရသည်။
Source – Police in China and Myanmar detain 269 in cyber scam crackdown
Photo – Weibo
