APM ၊ စပ်တမ်ဘာ ၆/၂၀၂၂
မြောက်ဦးမြို့တွင် ဒေနိ(စပ်တမ်ဘာ ၆ ရက်နိ) မိုးထ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းဖောက်ခွဲမှု ပြုလုပ်ခကြောင်း သတင်း ရဟိသည်။
မြောက်ဦးမြို့၊ အလယ်ဈီးရပ်ကွက်၊ လွမ်းတောင်ရပ်၊ဆီးရုံဟောင်းနားတွင် ဒေနိ မိုးထ ၉ နာရီကျော်အချိန်ခန့်၌ မြောက်ဦး အခြီ စိုက် စစ်ကောင်စီတပ် ခမရ (၃၇၇)တပ်ရင်းမှ တပ်ဖွဲဝင်များက အသံမိုင်းဖောက်ခွဲခခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရင်း မြစ်၏ ပြောကြားချက်အရ သိရသည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် လူနန့် အဆောက်အဦများထိခိုက်ပျက်စီးမှု မဟိခကေလေ့ မြောက်ဦးမြို့ပြည်သူများအားလုံး အထိတ်တလန့် ဖြစ်ခရသည်ဟု ဆိုသည်။
လက်ဟိတွင် ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းရို့မိုင်းဖောက်ခွဲခသည့်အလယ်ဈီးရပ်ကွက်၊တောင်ရပ်ဈီးလမ်းတလျှောက် နန့် နန်းရာကုန်းအနား ပတ်ဝန်းကျင်တဝိုက်တွင် မိုင်းယှင်းလင်းရီးပြုလုပ်ကွန်ဆောင်လျက် လုံခြုံရီးချ၍လမ်းလားလမ်းလာများ ကို တင်းတင်းကျပ်ကျပ် စစ်ဆီးနီကြောင်း ဒေသခံများက ပြောသည်။
ကုန်ခသည့် သြဂတ်စ် (၂၈) ရက်နိတွင်လေ့ စစ်ကောင်စီတပ်သည် မြောက်ဦးမြို့ပတ်ဝန်းကျင်သို့လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်တိုက်ခိုက်သောကြောင့် မြောက်ဦးကင်းဆိပ်ရွာမှ အပြစ်မဲ့ပြည်သူ ၃ယောက် သီဆုံးကာ ဒဏ်ရာရသူ ၉ယောက် အထိဟိခပြီး၊ စပ်တမ်ဘာ(၄) ရက်နိတွင်လေ့ မြောက်ဦးမြို့ ပတ်ဝန်းကျင်ဟိ ရှေးဟောင်းအမွီအနှစ် နန်းရာကုန်းအပါအဝင် လူနီရပ်ကွက်များကို စစ်ကောင်စီ၏ တပ်စခန်းများမှနီ၍ တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခသည်။
ယင်းအပြင်စပ်တမ်ဘာ(၄) ရက်နိညည့်မှစ၍ စစ်ကောင်စီတပ်သည် ပြည်သူလူထုကို စားဝတ်နီရီး အခက်အခဲ၊ အကျပ်အတည်း၊ အငတ်ဖီးဆိုက်အောင် တမင်တကာ ရည်ရွယ်ချက်ဟိဟိနန့် မြောက်ဦးဈီးအား လူမဆန်စွာ မီးတိုက်ရန်ကြိုးစားခသိမ့်သည်။
မြောက်ဦးဖြစ်စဉ်နန့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ULA က“စစ်ကောင်စီဂေါင်းဆောင်များသည် လူစိတ်ကင်းမဲ့ပြီး သွီးရူး သွီးတန်းဖြစ်ကာ စစ်ရာဇဝတ်မှုကို ဦးတည်စီသောအမိန့်ပီးခြင်းမျိုးနန့်ပြည်သူတိုင်းကို “ရန်သူ”ဟု သဘောထားကာမလုပ်သင့်မ လုပ်ထိုက်သောအလုပ်များကို မလုပ်သင့်သောနည်းလမ်းများဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နီ၍စစ်ကောင်စီ၏ မြောက် ဦးဈီးအားမီးတိုက်မည့်အကြံအစည်များအထမမြောက်ရအောင်စောင့်ကြည့်မှတ်တမ်းတင်ထားကတ်ပါရန်” နိုင်ငံတကာနန့်ပြည် သူလူထုသို့ စပ်တမ်ဘာ ၅ ရက်နိမှာ တိုက်တွန်းထားသည်။
(Zawgyi)
မြောက်ဦးမြို့တွင် စစ်ကောင်စီတပ် မိုင်းခွဲ
APM ၊ စပ်တမ်ဘာ ၆/၂၀၂၂