APM၊ ဩဂတ်စ် ၆ / ၂၀၂၃
ပင်လယ်ရီလှိုင်းများ ပြင်းထန်စွာရိုက်ခတ်မှုကြောင့် ကမ်းပါးပြိုကျကာ နီအိမ်များပျက်စီးခရသည့် တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာမှ ဒေသခံ ၂၀၀ ကျော်မှာ လက်ဟိ နီထိုင်စားသောက်ရီးအခက်ကြုံနီရ၍ အကူညီများ လိုအပ်နီ ကြောင်း သိရသည်။
ပြီးခသည့်ရက်ပိုင်းအတွင်းက မိုးကြီးပြီး ရီကြီးကာ ပင်လယ်ရီလှိုင်းများပြင်းထန်စွာရိုက်ခတ်မှုကြောင့် ကုလားရောင်ကျေး ရွာမှ နီအိမ် ၄၆ ဆောင်ထက်မနည်း ရီထဲမျောပါပျက်စီးခရပိုင် နောက်ထပ် နီအိမ်တချို့ ကိုလေ့ အရေးပေါဖြိုဖျက်ခရသည်။
အဆိုပါ နီအိမ်များပျက်စီးခရသည့် ဒေသခံ ၂၀၀ ကျော်မှာ လက်ဟိတွင် နီးစပ်ရာ မိသားစုဝင်များ၏ နီအိမ်များနန့် အနားဟိ နီအိမ်များတွင်ယာယီ ရွှိပြောင်းနီထိုင်နီကတ်ရပြီးအရေးပေါ်အကူအညီများအပူတပြင်းလိုအပ်လျက် ဟိသည်ဟု ဆိုသည်။
ပင်လယ်ကမ်းစပ်အနားတွင်တည်ဟိသည့် ယင်းကုလားရောင်ကျေးရွာတွင် အိမ်ခြီစုစုပေါင်း ၂၉၂ ဆောင်ဟိပြီး နှစ်စဉ် မြစ်ရီ တိုက်စားမှုကြောင့် ကမ်းပါးမြီပြိုကာ နီအိမ်များပြိုကျလိဟိကြောင်းသိဟိရသည်။