APM ၊ ဩဂတ်စ် ၆ / ၂၀၂၃
ဒေဂု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ မှ ဂျူလိုင်လအထိ လေးလအတွင်း ရက္ခိုင်-ဘင်္ဂလားဒေ့ချ် နယ်စပ်ကုန်သွယ်မှုပမာ ဏ ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းလားကြောင်း ရက္ခိုင်ပြည် ကုန်သည်ကြီးများနန့် စက်မှုလက်မှု လုပ်ငန်းသျှင်များအသင်း ထံမှ သိရသည်။
ရက္ခိုင်- ဘင်္ဂလားဒေ့ချ်နယ်စပ်ကုန်သွယ်ရီးစခန်းများ၌ အဆိုပါ ၄ လအတွင်းပို့ကုန်အနီနန့် အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ကျော် တင်ပို့နိုင်ခပြီး သွင်းကုန်ကတော့ အမေရိကန်ဒေါ်လာ ၁ သန်းဖိုးလောက် တင်သွင်းနိုင်ခကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်ရာ ဆောင်ရွက်နိုင်ခသည်ဟုဆိုသည်။
ယင်းပမာဏသည် ကုန်ခသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နန့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ၆၀ ရာခိုင်နှုန်းလောက် ကျဆင်း လားခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဂျူလိုင်လအထိ ၄ လအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၁ ဒဿမ ၅၁ သန်း ဟိခသည် ဟုဆိုသည်။
ယင်းသို့ ကုန်သွယ်မှုပမာဏကျဆင်းလားသည်မှာ ဘင်္ဂလားဒေ့ချ်ဖက်က အဓိကသွင်းယူနီခသည့် ရီချိုငါးစိမ်းများကို အယူနည်းလားသည့်အပြင် ကုန်စည်ကန့်သတ်ထားခြင်းများကြောင့်လေ့ ပါဝင်သည်။
ရက္ခိုင်နယ်စပ်ကုန်သွယ်ရီးစခန်းများမှ ဘင်္ဂလားဒေ့ချ်သို့ ကြက်သွန်၊ ကွမ်းသီး၊ အုန်းသီး၊ ငရုပ်၊ ဂျင်း၊ ငါး၊ ပုစွန်၊ ကဏန်း စသည့် ကုန်ပစ္စည်းများကို တင်ပို့နီခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ချ်ဖက်မှ ပလပ်စတစ်ပစ္စည်းများနန့် ရေတိုင်ကီဗူးများကို အဓိက တင်သွင်းနီ ခြင်းဖြစ်သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ချ်ဖက်မှ ကြက်သွန်ဖြူနန့် ဂျင်း နှစ်မျိုးတည်းကိုရာ တင်ပို့ရန် ကန့်သတ်လိုက် ၍ တခြားကုန်ပစ္စည်းများတင်ပို့မရဘဲ ယင်းကုန်ပစ္စည်းနှစ်မျိုးတည်းကိုရာ တင်ပို့နီကတ်ရကြောင်း သိရသည်။