
APM ၊ ဩဂတ်စ် ၆ / ၂၀၂၃
ဘရိုက်တန်အသင်းသည် အေဂျက်စ်အသင်းမှ ဂါနာလက်ရွီးစင် မိုဟာမက် ကူဒက်စ်ကို ကလပ်စံချိန်တင်ပြောင်းရွှိကြေး ယူရိုသန်း ၄၀ ဖြင့်ခေါ်ယူရန် ဩဂတ်စ် ၆ ရက်(ဒေနိ) တွင် ပုဂ္ဂိုလ်ရီးအရ သဘောတူညီမှုရဟိခကြောင်း သိရသည်။
ကူဒက်စ်နန့် အေဂျက်စ်အသင်း၏ လက်ဟိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းနန့် တနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ငြင်းဆိုထားသည့်အတွက် ဘရိုက်တန်အသင်းဖက်မှ ကလပ်စံချိန်တင်ပြောင်းရွှိကြေးဖြင့် ကမ်းလှမ်းခ ခြင်းဖြစ်သည်။
ကူဒက်စ်အား ခေါ်ယူရန် ဘရိုက်တန်အသင်းအပြင် တခြားပရီးမီးယားလိဂ်အသင်းကြီးများကပါ အေဂျက်စ်အသင်းနန့် ဆက်သွယ်မှုများပြုလုပ်ခကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် ကူဒက်စ်သည် အေဂျက်စ်အသင်းတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သုံးရာသီကာလအတွင်း ပြိုင်ပွဲစုံ ၈၄ ပွဲတွင် ၂၃ ဂိုးအထိ သွင်းယူပီးခသည်။
Source – Brighton reach agreement in principle with Ajax for Mohammed Kudus
Photo – Football365
