APM၊ သြဂတ်စ် ၆/၂၀၂၂
လူဖမ်းပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် စနဲမြို့၊စံပယ်ချောင်ရွာသား ကိုတင်မျိုးထွန်းကို ကျောက် ဖြူမြို့နယ် တရားရုံး၌ မြန်မာပြည်ကိုအကြည်အညိုပျက်စီမှု ဥပဒေပုဒ်မ ၅၀၅(က)နန့် အမှုဖွင့်ထားကြောင်း သိရ သည်။
ကိုတင်မျိုးထွန်း(၂၄ နှစ်)ကို ကုန်ခသည့် ဂျူလိုင် ၂၄ ရက်နိတွင် စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် ယူဆောင် လားခခြင်းဖြစ်သည်။
လက်ဟိတွင် ကိုတင်မျိုးထွန်းကို ကျောက်ဖြူထောင်ချုပ်၌ ထိန်းသိမ်းထားပြီး ပုဒ်မ ၅၀၅(က)နန့် အမှုဖွင့်တရားစွဲ ထားကာ လာမည့်သြဂတ်စ် ၁၂ရက်နိတွင် ကျောက်ဖြူမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆီးမည်ဟုအကြောင်းကြား လာကြောင်း မိသားစုဝင်များက ဆိုသည်။
ကုန်ခသည့် ဂျူလိုင် ၂၄ ရက်နိက စနဲမြိုစခန်းမှူးကို AAဖမ်းဆီးသည်ဟု သတင်းများထွက်ပေါ်လာခပြီးနောက် စစ်ကောင်စီ တပ်သည် အချေနန့် အမျိုးသမီးများ အပါအဝင် စနဲဒေသခံ ၁၃ ယောက်ကို ဝရုန်းသုန်းကား ဖမ်းယူ လားခသည်။
ယင်းနောက်ပိုင်း ၁၂ ယောက်ကို ပြန်လွတ်ပီးခပြီး ကိုတင်မျိုးထွန်းကို တယောက်တည်းကိုရာ ဆက်လက် ဖမ်းဆီး ထားခခြင်းဖြစ်သည်။
ကိုတင်မျိုးထွန်းကို ဖမ်းဆီးစဉ်ကလေ့ မိသားစုဝင်များရှိမှာပင် လူမဆန်စွာ တရားမဲ့ ရိုက်နှက်ကန်ကျောက်၍ ယူ ဆောင်လားခသည်ဟု သိဟိရသည်။
(Zawgyi)
လူဖမ်းပွဲအတွင်း စစ်ကောင်စီ ဖမ်းထားသည့် စနဲဒေသခံ ကိုတင်မျိုးထွန်းကို ၅၀၅ (က) နန့် အမှုဖွင့်
APM၊ သြဂတ်စ် ၆/၂၀၂၂