APM၊ ဩဂတ်စ် ၆/၂၀၂၂
ကျောက်ဖြူတွင် သြဂတ်စ် ၅ ရက်နိက ဧည့်စာရင်းအကြောင်းပြ၍ အပြစ်မဲ့အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ် က မတရားဖမ်းဆီး ယူဆောင်လားခကြောင်း သတင်းရဟိသည်။
အဖမ်းခံရသူများမှာ ဦးဇော်ဇော်အောင်၊ ဦးမျိုးသန့်ကျော်၊ ဦးညီညီ၊ ဦးဘိုဘိုနန့် ဦးဇေယျာထွန်းရို့ဖြစ်ကတ်သည်။
သြဂတ်စ် ၅ ရက်နိ ညည့်က ကျောက်ဖြူမြို့ င/လပွေ့တန်းထားထက်တွင် ကျောက်ဖြူ အခြီစိုက် စစ်ကောင်စီတပ် ခလရ(၃၄) တပ်ရင်း မှ တပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်သည်ဟုဆိုကာ သူရို့ ၅ ယောက်ကို ဖမ်းဆီးလားခသည်။
လက်ဟိတွင် သူရို့ ၅ ယောက်စလုံးကို ကျောက်ဖြူမြို့မရဲစခန်း၌ စစ်ဆီးနီကြောင်း ဒေသခံမျးက ပြောသည်။
ကုန်ခသည့် ဩဂတ်စ် ၄ရက်နိ ညည့်အချိန်ကလေ့ ဧည့်စာရင်းအကြောင်းပြ၍ စစ်တွေမြို့၊မင်းဂံရပ်ကွက်မှအမျိုးသား ၃ ယောက် ကို စစ်တွေအခြီစိုက် ခမရ( ၂၇၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များက သီနတ်ပစ်ဖောက်လျက် မတရားဖမ်းဆီးခသိမ့်သည်။
မင်းဂံရပ်ကွက်မှ အဖမ်းခံရသူများမှာ အကွက်(၈)မှ မောင်ဖြိုးဝေစိုး၊ ဦးမောင်ရွေသိန်းနန့် အကွက်(၇)မှ မောင်မျိုးဦးရို့ ဖြစ်ကတ် သည်။
ဒေရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်တဝှမ်း၌ ဧည့်စာရင်းအကြောင်းပြကာ အပြစ်မဲ့အရပ်သားပြညသူများကို မတရားဖမ်းဆီးစစ်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ဟိကြောင်းသိဟိရသည်။
(Zawgyi)
ဧည့်စာရင်းအကြောင်းပြ၍ ကျောက်ဖြူဒေသခံ အပြစ်မဲ့အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ် မတရားဖမ်းဆီး
APM၊ ဩဂတ်စ် ၆/၂၀၂၂