
APM၊ ဂျူလိုင် ၆/ ၂၀၂၃
မုန်တိုင်းလွန်ကာလမှစ၍ ရသေ့တောင်မြို့နယ်မှ မုန်တိုင်းသင့်ကျေးရွာများတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA က လမ်းများကိုပြုပြင်ခြင်း၊ သောက်သုံးရီရဟိရီးဆောင်ရွက်ခြင်း၊ နီအိမ်များဆောက်လုပ်ပီးခြင်း၊ ဆန်အပါအဝင် စားနပ်ရိက္ခာများ ထောက်ပံ့ပီးခြင်းများကို နိစဉ်ရက်ဆက်ဆောင်ရွက်ပီးလျက်ဟိသည်။
ယင်းသို့ မုန်တိုင်းဒဏ်သင့် အာရက္ခပြည်သူများအတွက် အားကြိုးမာန်တက်ဆောင်ရွက်လျက်ဟိရာတွင် ကုန်ခသည့် ဂျူလိုင် ၁ ရက်နိမှ ၄ ရက်နိအတွင်း ရသေ့တောင်မြို့နယ်မှ ကျောက်ရံ၊ အောင်မြီကုန်း၊ ဗောဓိကုန်း၊ ရီမျက်၊ ညောင်ပင်လှ၊ ပြိန်းတော၊ ခတောက်ချောင်း၊ အလယ်ချောင်း၊ နတ်ချောင်း၊ အောင်ဆိပ်၊ ကျေးတပင်၊ အောင်မင်း စသည့် ရွာပေါင်း(၁၂ ) ရွာ၌ ULA/AA တပ်ဖွဲ့ဝင်များက ပြည်သူများနန့်အတူ လမ်းများကိုယှင်းလင်းပြုပျင် ဖောက်လုပ်ပီးခကတ်ကြောင်း ဒေသခံများက ဆိုသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်မှရပ်ရွာများအပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့နယ်များ၌ နီအိမ်အဆောက်အအုံများ၊သောက်သုံးရီကန်များ၊ လမ်းများ၊တန်းထားများ အများအပြား ပျက်စီးခရသည်။
ယင်း ပျက်စီးခရသည့် လမ်း၊ တန်းထားများ၊ သောက်သုံးရီကန်များ နီအိမ်အဆောက်အအုံများကိုလေ့ ULA/AA ဦးဆောင် သည့် အာရက္ခပြည်သူ့အစိုးရကပြုပျင်ယှင်းလင်း ဆောက်လုပ်ပီးလျက်ဟိသည့်အပြင် အမိုးအကာနန့် စားနပ်ရိက္ခာ၊ ငွေကြေးများကိုလေ့ ကူညီထောက်ပံ့ပီးလျက်ဟိကြောင်း သိရသည်။














