APM ၊ ဂျူလိုင် ၆ / ၂၀၂၃
တရုတ်လက်ရွီးစင်အမျိုးသမီးနည်းပြ ချွဲချိန့်ချာက၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကဇတ်သမား ၂၃ ဦးစာရင်းကို ထုတ်ပြန်အပြီး၊သူ့ကဇတ်သမားများအနီနန့် စိန်ခေါ်မှုပြင်းထန်သည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရင်ဆိုင်နိုင်ကြောင်း အခိုင်အမာ ပြောဆိုလိုက်သည်။
“ကမ္ဘာ့ဖလားနန့် အာသျှဖလားက လုံးဝ ကွဲပြားပါရေ။ ဒေပြိုင်ပွဲက ပိုလို့စိန်ခေါ်မှုကြီးမားပါရေ။ ယေကေလေ့ ဇာပိုင်ပင်အခက်ခဲဟိဟိ အကျွန်ရို့ကဇတ်သမားတိစွာ ယင်းစိန်ခေါ်မှုတိကို အပြုံးနန့်ရင်ဆိုင်နိုင်ဖို့လို့ ယုံကြည်ပါရေ ဟု နည်းပြ ချွဲချိန့်ချာက ဆိုသည်။
အာသျှချန်ပီယံတရုတ်အမျိုးသမီးအသင်းသည် ဩစတြီးယားနန့် နယူးဇီလန်နိုင်ငံတွင် ဂျူလိုင် ၂၀ မှ သြဂတ်စ် ၂၀ ရက်နိအထိ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဒေနိ(ဂျူလိုင် ၆ ရက်)နိတွင် ထွက်ခွာမည်ဟု သိရသည်။
၁၉၉၉ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရဟိခသည့် တရုတ်အသင်းသည် အုပ်စု D အဖွင့်ပွဲစဉ်အဖြစ် ဂျူလိုင် ၂၂ ရက်နိမှာ ဒိန်းမတ်နန့် စတင် ကဇတ်ရမည်ဖြစ်ပြီး ယင်းနောက် ဟေတီ၊ အင်္ဂလန်ရို့နန့် ရင်ဆိုင်ရမည်ဖြစ် သည်။
Source- The Chinese women’s coach said his players will be able to face the World Cup/Reuters
Photo-FIFA