APM ၊ ဂျူလိုင် ၆ /၂၀၂၃
မုန်တိုင်းကြောင့်ပျက်စီးခသည့် ရက္ခိုင်စစ်ဖီးယှောင်စခန်းများဟိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနန့် နို့တိုက်မိခင်များမှာ နီထိုင်စားသောက်ရီးအတွက် အကြီးအကျယ် အခက်အခဲဖြစ်နီကတ်ကြောင်း သိရသည်။
မုန်တိုင်းကြောင့် ဖျက်စီးလားခသည် စစ်ဖီးယှောင်စခန်း၌ လူနီအိမ်စကေတဗွေကိုရာ ပြုပျင်နိုင်ကေလေ့ မိုးရွာချိန် တွင် အမိုးအကာများမှာ မလုံခြုံ၍ ကိုယ်ဝန်ဆောင်အမျိုး သမီးများနန့်နိုတိုက်မိခင်များမှာအဆိုးရွားဆုံးဒုက္ခရောက် ကတ်ရသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ဖီးယှောင်စခန်း ၂၇ ခုဟိပြီး၊ လူဦးရေ ၁၇,၀၀၀ ကျော်ဟိကာ ယင်းထဲ၌ကိုယ်ဝန်ဆောင်နန့် နို့တိုက်မိခင်၂၅၀ကျော်ဟိကြောင်းသိရသည်။
အလားတူ ကျောက် တော်မြို့နယ်ဟိ ညောင်ချောင်းစစ်ဖီးယှောင်စခန်းတခုတည်း၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနန့် နို့တိုက်မိခင် ၁၃၅ ယောက်ဟိသည်ဟု ဆိုသည်။
တခြားသောမြိူ့နယ်များဟိ စစ်ဖီးယှောင်စခန်းအားလုံး ဆိုလျှင် ရက္ခိုင်တပြည်လုံးအတိုင်းအတာအရ ကိုယ်ဝန်ဆောင် အမျိုးသ မီးများနန့် နို့တိုက်မိခင် ထောင်ချီ၍ ဟိနိုင်ကြောင်း စခန်းတာဝန်ခံများက သုံးသပ်သည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းလွန်ကာလ တလကျော်လာသည့်တိုင် အမိုးအကာများမလုံခြုံသည့် စစ်ဖီးယှောင်စ ခန်းများ တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနန့် နိုတိုက် မိခင်များမှာ မိုးရီများစိုစွတ်လျက် ကြမ်းတမ်းဆိုးဝါးလှသော လောကဓံ တရားများကို ခါးသီးစွာ လည်စီးခံစားနီကတ်ရတုန်း ဖြစ်ကြောင်း သိဟိရသည်။