
APM ၊ ဂျူလိုင် ၆ / ၂၀၂၃
ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဖီးယှောင်စခန်းမှ စာသင်ကျောင်းမှာ Mocha ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ပြို ထွက်ပျက်စီးလားရာ ပြန်လည်ပြုပြင်နိုင်ခြင်းမဟိသိမ့်၍ ကျောင်းသား/သူများမှာ ကျောင်းတက်ရန် အခက်ကြုံနီကတ် ကြောင်း သိရသည်။
ဂဏန်းတောင် စစ်ဖီးယှောင်စခန်းဟိ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည့် စာသင်ကျောင်း (ဝါးကျောင်းချေ)အပါအဝင် နီအိမ်အားလုံးမှာ မုန်တိုင်းဒဏ်ကြောင့်အားလုံး ပျက်စီးခရခြင်းဖြစ်သည်။
အဆိုပါ ကိုယ်ထူကိုယ်ထစာသင်ကျောင်း၌သူငယ်တန်းမှ ၈ တန်းအထိ ကျောင်းသားများကိုစာသင်ပီးနီပြီး၊ ကျောင်းတွင် ဂဏန်းတောင်၊မြတ်လေး၊ ချောင်းဒူ စသည့် ကျေး ရွာများမှ ကျောင်းသား/သူများ တက်ရောက်ကတ်သည်ဟု ကျောင်းသား မိဖတယောက်က ပြောသည်။
လက်ဟိတွင် ဂဏန်းတောင်စစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်နီအိမ်များကို တပိုင်တနိုင်ပြုပြင်၍ နီကတ်ရကေလေ့ စာသင် ကျောင်းကိုတော့ငွေကြေးမတတ်နိုင်၍ ပြု ပြင်ဆောက်လုပ်နိုင်ခြင်းမဟိသိမ့်ကြောင်း၊အချေတိ ၏ပညာရီးကို ထောက်ရှု၍ အလှူသျှင်များ အနီနန့်လာရောက်လှူဒါန်းပီးစီလိုပါကြောင်း အဆိုပါကျောင်းသားမိဖက ဆိုသည်။
ကဏန်းတောင် စစ်ဖီးယှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့ နယ်မှ ချောင်းဒူ၊ ဗုဒ္ဓေါ စသည့် ကျေးရွာများမှ ဒေသခံအိမ်ထောင်စု စုစုပေါင်း ၁၃၉ စု ခိုလှုံနီထိုင်ကတ်ကြောင်းသိရသည်။
