APM၊ ဂျူလိုင် ၆/၂၀၂၂
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သံသယဖြင့် မတ ရားဖမ်းဆီး တရားစွဲခံထားရသော ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ် ရွာသား ၅ ယောက်ကို ဒေနိ(ဂျူလိုင် ၆ ရက်နိ)မှာ စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရီးဥပဒေပုဒ်မ ၅၂(က) နန့် ထောင်ဒဏ်သုံးနှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်နီသူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နန့် ကိုကျော်ဝင်းဟိန်း (၂၂) နှစ်ရို့ဖြစ်ပြီး သူရို့ကို ကုန်ခသည့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက် နိကပင် မြန်မာစစ်တပ်က ဖမ်းယူလားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့ ၅ယောက်ကို စစ်ရီယာဥ်ထက်မှာ ရက်ရက်စက်စက် သတ်ပုတ်ရိုက်နှက်ပြီး လူမဆန်စွာ နှိပ်စပ်ကာ AAနန့် ဆက်စပ် သည်ဟု မတရားစွပ်စွဲလျက် ပုဏ္ဏားကျွန်းအခြီစိုက် ခမရ (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်း တရားလိုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၂(က)ရို့နန့် တရားစွဲဆို ထားခခြင်းဖြစ်သည်။
သူရို့ကို စွဲချက်တင်ရာ၌ ကနဦးက ၅၀(ည)၊ ၅၂(က) အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၂ခု နန့် စွဲတင်ထားခ ကေလေ့ ၅၀(ည) နန့် ငြိစွန်းမှု မဟိသဖြင့် ၅၂(က)နန့်ရာ ငြိစွန်းသည်ဆိုကာ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ခြင်း ဟုဆိုသည်။
အမှုအား လွန်ခသည့် မေ ၅ ရက်နိ ရုံးချိန်းတွင် စစ်တွေ ခရိုင်တရားရုံး၌ နှစ်ဖက်ရှိနီများက အပြီးသတ် လျှောက်လဲချက် ပီးခပြီးနောက် တရားသူကြီးက အဂုပိုင် အမိန့်ချမှတ်ခခြင်း ဖြစ်ကြောင်း သိရသည်။
(Zawgyi)
ကျောက်ဆိပ်ရွာသား ၅ယောက်ကို အကြမ်းဖက်မှုနန့် ထောင် ၃ နှစ်စီချမှတ်
APM၊ ဂျူလိုင် ၆/၂၀၂၂